Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

2012 December 21 တွင် ကမ္ဘာပျက်မည် ဟူသောသတင်းမှာ ကောလဟာလသာဖြစ်

၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးမသတ်သော မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်တစ်ခုကို ထပ်မံတွေ့ရှိ



  










         ယခင်တွေ့ရှိခဲ့သည့် မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်ကို ယနေ့ခေတ် ကမ္ဘာသုံးပြက္ခဒိန်နှင့် တိုက်ဆိုင်ကြည့်ခဲ့ရာတွင် ၂၀၁၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက်နေ့၌ အဆုံးသတ်နေသောကြောင့် ယင်းနေ့တွင်ကမ္ဘာပျက်မည်ဟူသော ကောလဟာလများ ထွက်ပေါ်ခဲ့ရသည်။

    ယင်းကောလဟာလမှာ အခြေအမြစ်မရှိကြောင်း၊ ယင်းရက်တွင် အဆုံးသတ်နေခြင်းမှာ ပြက္ခဒိန်ဆံ့သလောက်သာ ဖော်ပြခြင်းဖြစ်ပြီး နှစ်၄၀၀ စက်ဝန်းဖြင့် တွက်သောနှစ်တွက်ချက်မှု ၁၃ခု၏ အဆုံးသာဖြစ်ပြီး ရက်ကုန်၊ နှစ်ကုန်သွားသည့်သဘော မဟုတ်ကြောင်း ပညာရှင်များက ရှင်းလင်းခဲ့ကြပြီးဖြစ်သည်။
    ယခုအခါတွင်မူ ယင်းတွေ့ရှိပြီးမာယာပြက္ခဒိန်ထက် ရှေးကျသောမာယာပြက္ခဒိန်အသစ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ယင်းပြက္ခဒိန်မှာ နောင်နှစ်ပေါင်းများစွာအထိ ဖော်ပြထားကြောင်းကိုပါ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယခုပြက္ခဒိန်တွင် ယခင်ပြက္ခဒိန်ကဲ့သို့ နှစ်၄၀၀စက်ဝန်း၁၇ခု ဖော်ပြထားခြင်းဖြစ်သည်။
    ယင်းပြက္ခဒိန်ပါ နံရံဆေးရေးပန်းချီကို ဘော့စတွန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင် ၀ီလျံဆက်တာနိုက ဂွာတီမာလာနိုင်ငံရှိမာယာယဉ်ကျေးမှု ထွန်းကားခဲ့ရာနေရာတစ်ခုတွင် ထပ်မံတွေ့ရှိခြင်းဖြစ်သည်။
    "မာယာပြက္ခဒိန်က အနာဂတ်နှစ်သန်းချီ၊ ဘီလျံချီ၊ ထရီလျံချီ ဆက်ရှိနေနိုင်တာပါ။ ကျွန်တော်တို့ ဂဏန်းနဲ့ ပြောမရနိုင်တဲ့ကာလလောက်အထိ ဆက်တွက်သွားလို့ရတာမျိုးပါ"ဟု မာယာယဉ်ကျေးမှုကျွမ်းကျင်သူ ဒေးဗစ်စတူးဝပ်ကလည်း သုံးသပ်သည်။

Ref:Daily Mail တွင်ဖော်ပြထားသော ၂၀၁၂ ဒီဇင်ဘာ ၂၁တွင် ကမ္ဘာမပျက်ကြောင်းသတင်းကို ကျွန်တော်ရွှေမန်းသားလေး ဝေယံမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ဗျာ.....

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေးဝေယံ (နည်းပညာ)
www.shwemantarlaywaiyan.blogspot.com

1 comments:

ကိုဝေယံရေ ကျွန်တော် အကူအညီတောင်းချင်လို့ပါ။ နှစ်သိန်းတန်ဖုန်း အင်တာနက်ကို laptop မှာသုံးချင်ပါတယ်။ samsung galaxy GIO ပါ samsung kies လည်းတင်ပြီးသားပါ။ အဲဒါ ဘယ်လို set up လုပ်ရလဲ သိချင်လို့ပါ။ ကျေးဇူးပြုလို့ ဖြေပေးပါနော်။

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account