Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

သစ်သားဖြင့် ပြုလုပ်ထားသည့် မီးသီးကို ဂျပန် ဒီဇိုင်နာ တစ်ဦးက တီထွင်



Photo
ဂျပန်နိုင်ငံရှိ ရှေးဟောင်း နည်းပညာတစ်ခု ဖြစ်သည့် ရိုကူရိုဟု လူသိများသော နည်းပညာတစ်ရပ်ကို အခြေခံကာ ဂျပန် ဒီဇိုင်နာတစ်ဦး ဖြစ်သူ ယိုဆုကဲဖူကူဆာဒါသည် သစ်သားဖြင့် ပြုလုပ်ထားသည့်  မီးသီးကို ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးသီးအား သစ်သားများ၏ ပါးလွှာသော အလွှာများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အလင်းပေးနိုင်ရန်အတွက် မီးသီး၏အထဲတွင် LED များ ထည့်သွင်း တပ်ဆင်ထားသည်။ ထို့ပြင် မီးသီး၏ အလင်းရောင် အနိမ့်အမြင့် ပမာဏကို လိုက်ကာ ပုံစံပြောင်းလဲသွားမည့် Effect များကိုလည်း ထည့်သွင်းထားသည်။ ဖူကူဆာဒါက ၎င်းသစ်သား မီးသီးအား ဖန်တီးခြင်းမှာ တိုးတက်နေသည့် ခေတ်သစ် နည်းပညာများနှင့် ဒီဇိုင်းများကို ဂျပန်ရိုးရာ နည်းပညာများနှင့် ပေါင်းစပ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည် လက်ရှိ အချိန်တွင် ၎င်းသစ်သားမီးသီးမှာ နိုင်ငံတကာမှ လူများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့်နည်းတူ ဒီဇိုင်းပြိုင်ပွဲတွင်လည်း ဆုရရှိခဲ့သည့် နည်းပညာပစ္စည်းအဖြစ် ရပ်တည်နိုင်ပြီ ဖြစ်သည်။ ဖူကူဆာဒါသည် ထိပ်တန်း အီလက်ထရွန်နစ် အဖွဲ့အစည်း ဖြစ်သည့် Sharp တွင် ဒီဇိုင်နာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နည်းပညာ အသုံးအဆောင် ပစ္စည်းများ၏ ဒီဇိုင်းများကိုလည်း ရေးဆွဲနိုင်ခဲ့သူ ဖြစ်သည်။ အဆိုပါ သစ်သားမီးသီးကို ဈေးကွက်တင်ရန် အစီအစဉ် ရှိသော်လည်း လက်ရှိအချိန်၌ မဖြစ်နိုင်သေးကြောင်း ၎င်းကဆိုထားပြီး ဂျပန်ရိုးရာ နည်းပညာ၏ အဆင့်မြင့်မားမှုကိုသာ ဖော်ထုတ်ပြလိုခြင်းဟု သိရသည်။

ZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account