Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

၁၅ သိန်းတန် စီဒီအမ်အေ 450 MHz ဖုန်းများကို ဇူလိုင် ပထမပတ်အတွင်း ကြိုတင်ငွေဖြည့်ကတ် စနစ် ပြောင်းပေးမည်

Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယခင်ချထားပေးခဲ့သော ကျပ် ၁၅ သိန်းတန် ဘီလ်ဆောင်စနစ်သုံး စီဒီအမ်အေ 450 MHz ဖုန်းများကို ဇူလိုင် ပထမပတ်အတွင်း ကြိုတင်ငွေဖြည့်ကတ် စနစ်သို့ ပြောင်းလဲ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။
ထိုသို့ ပြောင်းလဲပေးခြင်းမှာ ဖုန်းသုံးစွဲသူများ အဆင်ပြေ ချောမွေ့စေရန်အတွက် ရည်ရွယ်ပြောင်းလဲပေးခြင်း ဖြစ်သည်ဟု သိရပြီး ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ် ဖုန်းများကိုလည်း မေလဆန်းမှစ၍ ဘီလ်ဆောင်စနစ်မှ ကြိုတင်ငွေဖြည့်ကတ် စနစ်သို့ ပြောင်းလဲပေးခဲ့ပြီး ဖြစ်သည်။ “ဇူလိုင်လအစက စပြီး ဒီဖုန်းတွေကို ကြိုတင်ငွေဖြည့်ကတ်စနစ် ပြောင်းပေးမှာပါ။ အဲ့ဒီအတွက်လည်း သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ကြိုတင်ငွေဖြည့်ကတ် ပြောင်းလိုကြောင်းကို လျှောက်ထားနိုင်ပါတယ်။ ပြီးတော့ Call Center ကလည်း ဖုန်းတွေကို Message ပို့ပြီး အကြောင်းကြားပေးမှာပါ” ဟု Call Center မှ တာဝန်ရှိတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောင်းလဲပေးမည့် စီဒီအမ်အေ 450 MHz ဖုန်းနံပါတ်များမှာ 83, 84, 85, 86, 87 နှင့် 63, 64, 65, 66, 67, 68 အစရှိသော ဖုန်းနံပါတ်များ ဖြစ်ကြောင်း သိရသည်။

ရှိန်းဝင်းထိုက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account