Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

စံမြန်မာစနစ်ကို Android ဖုန်းများတွင် အသုံးပြုရန်အတွက် စမ်းသပ်



Photo
စံမြန်မာ မြန်မာစာ စနစ်ကို Android ဖုန်းများတွင် အသုံးပြုနိုင်ရန် အတွက် စမ်းသပ်နေပြီး အဆိုပါ Software ကို အွန်လိုင်း ဒေါင်းလုတ်ဆွဲကာ အခမဲ့ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း  စံမြန်မာ ကွန်ပျူတာ စနစ်မှ ဦးထွန်းမြင့်က ဆိုသည်။

“အခုလောလောဆယ်တော့ Android ဖုန်းတွေထဲမှာဆိုရင် စံမြန်မာ မြန်မာစာ စနစ်ကို Standard ဖုန်းအမျိုးအစားထဲမှာလည်း စမ်းသပ်ထည့်သွင်း အသုံးပြု ပြီးသွားပါပြီ။ ကျန် Android ဖုန်းအမျိုးအစားထဲမှာလည်း ထပ်မံစမ်းသပ် အသုံးပြုနေပါတယ်။ နောက်ပိုင်းမှာ ဒီမြန်မာစာစနစ်ကို အွန်လိုင်းက ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်အောင် လုပ်နေပါတယ်။ Android ဖုန်းကျတော့ ကိုယ်တိုင် ဒေါင်းလုတ်ဆွဲပြီး အသုံးပြုလို့ရတယ်။ ရိုးရိုးဖုန်းတွေမှာ ဆိုရင်တော့ Hardware ထဲ ထည့်သွင်း အသုံးပြုရတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အရင်က စံမြန်မာ မြန်မာစာစနစ်ကို ကွန်ပျူတာ၊ Laptop များနှင့် GSM, CDMA ဖုန်းများထဲမှ ရိုးရိုးဟန်းဆက်များတွင် ထည့်သွင်း အသုံးပြုနေကြပြီး ယခုအခါ Android ဖုန်းများထဲတွင်ပါ အသုံးပြုနိုင်အောင် စမ်းသပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ချိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account