Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

GSM ဖုန်းများ၏ အင်တာနက်လိုင်းများ နှေးကွေးလျက်ရှိ



Photo
ယခုလ ၇ ရက်မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးမှ ပြန်လည်ချပေးခဲ့သော GSM  ဖုန်းများ၏  Internet Connection မှာ ယခု ရက်ပိုင်းအတွင်း နှေးကွေးမှုများ ရှိနေကြောင်း  ၂၄-၅-၂၀၁၂ ရက်က သိရသည်။
“ကျွန်တော့်ဖုန်းက ကျပ် ၁၅ သိန်းတန်  GSM  ဖုန်းပါ။ ၇ ရက်နေ့ကစပြီး အင်တာနက် လျှောက်ခွင့်ပေးတော့ လျှောက်လိုက်တယ်။ အစတုန်းကတော့ သုံးလို့ ရသေးတယ်။ ဒီရက်ပိုင်းကျမှ သုံးလို့ကို မရတော့တာ ဝက်ဘ်ဆိုက်တွေလည်း ဖွင့်လို့မရဘူး။ အဲဒါနဲ့ ကျွန်တော့်ညီရဲ့ CDMA 800 MHz ဖုန်းကို ယူသုံးရတယ်” ဟု GSM ဖုန်းဖြင့် အင်တာနက်သုံးသူ တစ်ဦးက ပြောသည်။ “GSM  တွေမှာ အင်တာနက် သုံးခွင့်ပေးထားတာက  2.75G EDGE စနစ်နဲ့ပါ။ WCDMA နဲ့ CDMA 800 MHz ဖုန်းတွေမှာ ကျတော့ 3G စနစ်ပါ။ အဲဒီအတွက် GSM ဖုန်းတွေက နည်းပညာအရ Internet Speed လျှော့ပါတယ်။ အခုကလည်း လိုအပ်တဲ့ဆက်ကြောင်းတွေ၊ တာဝါတွေ တည်ဆောက်နေတဲ့အချိန် ဖြစ်တဲ့အတွက် တစ်ခါတလေ Connection ကျတာတွေကတော့ ဖြစ်နိုင်ပါတယ်” ဟု မိုဘိုင်းအရောင်းဆိုင်မှ ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရတနာပုံ Call Center  မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှ တာဝန်ရှိသူတစ်ဦးကလည်း “လိုင်းတွေအားလုံး မပြီးသေးလို့ပါ။ ဘယ်အချိန်တည် ဆောက်လို့ပြီးမလဲ ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး” ဟု ပြောကြားသည်။ မြန်မာနိုင်ငံတွင် အင်တာနက်သုံးခွင့် ပြုထားသော မိုဘိုင်းဖုန်းအမျိုးအစား သုံးမျိုးရှိပြီး ၎င်းတို့မှာ GSM, CDMA, CDMA 800 MHz တို့ဖြစ်သည်။ ယခုလက်ရှိတွင် GSM, WCDMA ဖုန်းများကို အင်တာနက် လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဟိန်းသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account