Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

ပုံနှိပ်စာလုံးတွေကို လေဆာသုံးပြီး ဖျက်မည်



Photo
စာရွက်ပေါ်မှာ စွန်းထင်းနေသော မင်များ၊ ပုံနှိပ်စာလုံးများ၊ ဓာတ်ပုံများနှင့် အစွန်းအထင်းများအား လေဆာရောင်ခြည် သုံးပြီး ချက်ချင်းလက်ငင်း ဖယ်ရှားနိုင်သလို၊  သုံးပြီးသား စာရွက်အဟောင်းများကိုလည်း မပျက်စီး၊ မထိခိုက်စေဘဲ ပြန်လည်သန့်စင်၍ အသစ်တစ်ဖန် အသုံးချနိုင်သည့် စာရွက်အသစ်များ အဖြစ် အသွင်ပြောင်းနိုင်မည့် ပစ္စည်းဆန်း တစ်မျိုးကို
အမေရိကန် ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက မေလ ၂၃ ရက်က လက်တွေ့ သရုပ်ပြလိုက်ကြသည်။ အဆိုပါ မင်ဖျက်စက်မှ ထုတ်လွှတ်လိုက်သော ခရမ်းလွန်ရောင်ခြည်နှင့် အနီအောက်ရောင်ခြည်များက တစ်စက္ကန့်၏အပုံ သန်းတစ်ထောင်ပုံလျှင် တစ်ပုံသာကြာမည့် အချိန်အတွင်းမှာပင် စာရွက်များပေါ်မှ မင်များအား စုပ်ယူသွားနိုင်မည် ဖြစ်သည်။ ယင်းစက်ကိုသာ သုံးစွဲသွားမည်ဆိုလျှင် စာရွက်အဟောင်းများကို စာရွက်အသစ်များအဖြစ်သို့ သမားရိုးကျနည်းဖြင့် အဆင့်ဆင့် ပြောင်းလဲ ထုတ်ဝေနေရသည့် ဒုက္ခမှ ကင်းဝေးသွားကြမှာ ဖြစ်သလို၊ ကုန်ကြမ်းသန့်စင်သည့် အဆင့်မှာ ထွက်ပေါ်လာမည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကိုလည်း နှစ်ဆမှ ၁၂ ဆအထိ လျော့ကျသွားစေမည် ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်အရေးကို အလေးပေးသူများက မိတ္တူကူးစက်များနှင့် ပရင်တာများမှာပါ ယင်းပစ္စည်းအား တပ်ဆင်သွားရန် အားတက်သရော ထောက်ခံ အားပေးနေကြသည်။
 
ကျော်မိုးဟိန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account