Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဝက်ဘ်ဆိုက် လွှင့်တင်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဝက်ဘ်ဆိုက်ဖြစ်သော www.myanmarconstitutionaltribunal.org.mm ကို  ဇွန်လ ၂၁ ရက်နေ့တွင် စတင်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။
ယင်း ဝက်ဘ်ဆိုက်တွင် အဖွင့်စာမျက်နှာ၊ နောက်ခံသမိုင်း၊ သတင်းစုံ၊ အခြေခံ ဥပဒေအကြောင်း သိကောင်းစရာ၊ ဥပဒေနှင့် ဆုံးဖြတ်ချက်များ၊ ညှိနှိုင်းဆွေးနွေး၊ မှတ်ပုံတင် ကဏ္ဍဟူ၍ ပါဝင်ပြီး နောက်ခံ သမိုင်းကဏ္ဍတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ နောက်ခံသမိုင်းကြောင်းနှင့် ဖွဲ့စည်း တည်ဆောက်ပုံ အကြောင်း၊ သတင်းစုံ ကဏ္ဍတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနှင့် ပတ်သက်သော သတင်းများ၊ အခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ကဏ္ဍတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ( ၂၀၀၈ )၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၁၉၇၄ ခုနှစ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၉၄၇ ခုနှစ်တို့ကို လည်းကောင်း၊ ဥပဒေနှင့် ဆုံးဖြတ်ချက်များ ကဏ္ဍတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့သော ကိစ္စရပ်များအတွက် ခုံရုံး၏ ဆုံးဖြတ်ချက် အပြည့်အစုံတို့ကို လည်းကောင်း ဖော်ပြထားသည်ဟု သိရှိရသည်။
 
ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ စာတမ်းများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆောင်ရွက်ချက်များ၊ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းဝက်ဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှုရာတွင် mm3 font အမျိုးအစားအား မိမိ အသုံးပြုရာ အင်တာနက် ဘရောက်ဇာ၌ ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ချ သွင်းယူနိုင်ကြောင်း သိရသည်။

ကိုနေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account