Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

Google Map 6.8.1 Version အသစ်တွင် Offline Map အသုံးပြုနိုင်



Photo
Google မှ အသစ်ထွက်ရှိလာသော Google Map 6.8.1 version တွင် offline Map အသုံးပြု၍ ရနိုင်ပြီဖြစ်ကြောင်း အဆိုပါ application ကို ဖုန်းအတွင်း ထည့်သွင်းပေးလျက် ရှိသော  Mobimax  ဖုန်းဆိုင်မှ သိရသည်။
“အရင်ကဆို Google Map ကို သုံးချင်ရင် Online ပဲ သုံးလို့ရပါတယ်။ အခု အသစ်ထပ်ထွက်တဲ့ version မှာတော့ offline သုံးလို့ ရနေပါပြီ။ တစ်ကမ္ဘာလုံးက မြေပုံကို ဖုန်းနဲ့ပဲ offline ကြည့်လို့ ရနေပြီပေါ့။ ပြီးတော့ ကိုယ့်ဖုန်းရှိနေတဲ့ တည်နေရာကို မှတ်ထားပြီး ကိုယ်သွားချင်တဲ့ နေရာအထိ လမ်းကြောင်း ညွှန်ပြပေးနိုင်လို့ တော်တော်သုံးလို့ ကောင်းပါတယ်” ဟု Mobimax ဖုန်းဆိုင်မှ ကိုပြည့်စုံကိုက ပြောသည်။ Google Map 6.8.1 Version ရှိ ရန်ကုန်မြို့မြေပုံတွင် မိမိဆိုင်၊ ကုမ္ပဏီ တည်နေရာကို ထည့်သွင်းလိုပါကလည်း register လုပ်၍ ထည့်သွင်းနိုင်မည်ဖြစ်သည်။ ဖုန်းအတွင်းထည့်၍ အသုံးပြုမည်ဆိုပါက application ချည်းသက်သက် အသုံးပြုလျှင် အဆင်မပြေနိုင်ပဲ ဆိုင်မှ မိမိကြည့်ချင်သည့် နေရာရှိ data များကို ထပ်ဖြည့်ပေးမှ အဆင်ပြေမည်ဟု သိရသည်။ Google ကို ထပ်ဖြည့်ပေးမှ အဆင်ပြေမည်ဟု သိရသည်။ Google Map application တစ်ခုတည်း ဆိုလျှင် 7 Mbps ခန့်သာ ရှိသော်လည်း ထပ်ထည့်မည့် data များကြောင့် model နိမ့် handset များနှင့် သင့်တော်မှု မရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် အဆိုပါ application ကို ထည့်မည်ဆိုပါက Android Version 2.2 နှင့်အထက် ရှိရမည်ဖြစ်ပြီး ဟန်းဆက် တံဆိပ်မျိုးစုံတွင် ထည့်သွင်းနိုင်မည် ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် Mobimax handset & Accessories Sale & Service ဆိုင်၊ ဖုန်း ၀၉-၇၃၁၆၀၁၃၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။           
 
မေမြသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account