Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

ကားရောင်းသူ ဝယ်သူ အွန်လိုင်းမှ တွေ့ဆုံပွဲ ကျင်းပမည်

ကားရောင်းသူနှင့် ဝယ်သူများ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံနိုင်အောင် စီစဉ်နေကြောင်း iBiz Service Provider ကုမ္ပဏီမှ ဦးဝင်းထွန်းက ပြောသည်။  အဆိုပါ ကားရောင်းသူနှင့် ဝယ်သူများ တွေ့ဆုံရန် www.myanmarexpo.net ဝက်ဘ်ဆိုက် စီစဉ်၍ သြဂုတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ အွန်လိုင်း ကုန်စည်ပြပွဲအဖြစ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။


“ဒီအွန်လိုင်းပြပွဲမှာ ပြည်တွင်းမှာရှိတဲ့ ကားအရောင်း စင်တာတွေအပြင် ပြည်ပက ကားလေလံကုမ္ပဏီတွေပါ ပါလာဖို့ ရှိတယ်။ ကားမော်ဒယ် အမြင့်တွေကို ဆားဗစ်ပေးနိုင်မယ့် ဝန်ဆောင်မှုတွေလည်း ပါမယ်။ အဲ့ဒီအတွက် ပြည်တွင်းမှာ မော်ဒယ်အမြင့် ဝယ်ထားပြီးတဲ့ သူတွေလည်း ဆားဗစ်ပိုင်းကို ပြပွဲမှာ လေ့လာနိုင်အောင် စီစဉ်ပေးထားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်း ဝက်ဘ်ဆိုက်ပေါ်တွင် ကားအရောင်းပြခန်းများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူများနှင့် ကိုယ်စားလှယ်ကြီးများ၊ အကြီးစားနှင့် အလတ်စား လုပ်ငန်းသုံး ယာဉ်များအပြင် ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ကားတာယာများကိုပါ ပါဝင် ပြသထားမည် ဖြစ်ကြောင်း ပြပွဲ စီစဉ်သူထံမှ သိရသည်။ လက်ရှိ ပြည်တွင်းကား ဈေးကွက်သည် လှုပ်ရှားမှု မရှိသေးသော်လည်း ဇူလိုင်လလယ်ပိုင်း၌ လွတ်လပ်စွာ တင်သွင်းခွင့်ရထားသော ကားများ ရောက်ရှိလာမည် ဖြစ်သောကြောင့် ကားဈေးနှုန်း ထပ်မံ၍ ကျဆင်းလာနိုင်ကြောင်း ကားဝယ်ရောင်းသမားများက သုံးသပ်ကြသည်။

အိမ်စည်စိုးစံ၊ ညွန့်ဝင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account