Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

ဘာသာစကားများ ဆိတ်သုဉ်း ပျောက်ကွယ်မှုဘေးမှ ကာကွယ်ရန် Google ကူညီမည်



Photo
ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ လူထောင်ဂဏန်းမျှကသာ ပြောဆို အသုံးပြုလျက်ရှိသော ရှေးဟောင်း ဘာသာစကားများကို ဆိတ်သုဉ်း ပျောက်ကွယ်သွားခြင်း မရှိစေရန် နည်းပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း Google က ကြေညာလိုက်သည်။
 

Google မှာ ပျောက်ကွယ် ဆိတ်သုဉ်းမှုအရေးနှင့် ရင်ဆိုင်နေရသော ဘာသာစကားများကို စုစည်းသိမ်းဆည်းကာ ရေရှည် ထိန်းသိမ်းသွားနိုင်ရန်အတွက် ယင်း၏ အင်တာနက် စာမျက်နှာပေါ်တွင် သီးခြားဝက်ဘ်စာမျက်နှာသစ်ကို ဖွင့်လှစ်ထားရှိမည် ဖြစ်သည်။ အဆိုပါ ဝက်ဘ်စာမျက်နှာသစ်တွင် ရှားပါးစာပေနှင့် ဘာသာစကားများအကြောင်းကို သမိုင်းကြောင်းများ၊ မူရင်းလက်ရေးစာများ၊ ဗီဒီယိုဖိုင်များနှင့် အသံထွက်စနစ်များ ထည့်သွင်းထားရှိကာ လေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် အဓိကထား လုပ်ဆောင်ပေးထားမည် ဖြစ်ကြောင်း Google က ပြောသည်။ ထို့ပြင် အဖွင့်စာမျက်နှာ၌ ကမ္ဘာတစ်လွှား ရှေးဟောင်း ဘာသာစကားများ ဖြန့်ကြက် တည်ရှိခဲ့ပုံနှင့် လူမျိုးများအကြောင်းကို  ကမ္ဘာ့မြေပုံထက်တွင် အစက်ကလေးများဖြင့် ဖော်ပြပေးထားမည် ဖြစ်သည်။ အဆိုပါ အစက်ငယ်လေးများအား mouse ဖြင့် နှိပ်ကာ သမိုင်းကြောင်းများကို လေ့လာနိုင်လိမ့်မည် ဖြစ်ကြောင်း Google က ပြောသည်။

“လက်ရှိကမ္ဘာပေါ်မှာ လူသားတွေ နေ့စဉ် ပြောဆို ရေးသားသုံးနှုန်းနေတဲ့ ဘာသာစကား ၃၀၀၀ ကျော်အပြင် ဘာသာစကားများစွာကို ထည့်သွင်း ဖော်ပြသွားပါမယ်။ ကမ္ဘာကြီးမှာရှိခဲ့တဲ့ မတူကွဲပြားသော ယဉ်ကျေးမှုများစွာကို ကာကွယ် ထိန်းသိမ်းပြီး ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပရောဂျက်ကို Google က စီစဉ်ခဲ့တာပါ” ဟု Project မန်နေဂျာရိုဒရစ်နှင့် ဂျက်ဆင်ရစ်မန်တို့က ပြောကြားသွားသည်။ အဆိုပါ ရှေးဟောင်းဘာသာစကားများ ထိန်းသိမ်းထားရှိမှုကို Google.org မှ တစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

upi.com၊ ကိုကိုအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account