Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

ဘင်္ဂါလီ ဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များကို ပြန်လည် တိုက်ခိုက်လာ

ဘင်္ဂါလီ ဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များကို ပြန်လည်တိုက်ခိုက်လာကြောင်း  ၂၀-၆-၂၀၁၂ ရက်တွင် Blink Hacker Group မှ ဟက်ကာတစ်ဦးက ပြောကြားသည်။
မြန်မာဟက်ကာများက ဇွန်လ ၉ ရက်တွင် ဘင်္ဂါလီ ရိုဟင်ဂျာ ဝက်ဘ်ဆိုက်များကို စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် ပဋိပက္ခ အခြေအနေများတွင် ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်စွာ ရေးသားနေကြသည့် ပြည်တွင်းပြည်ပမှ ထုတ်လွှင့်နေသည့် ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့က ရိုဟင်ဂျာတွေကို တိုက်ခိုက်တာပါ။ လူမျိုးရေးကို တိုက်ခိုက်တာ၊ ဘာသာရေး တိုက်ခိုက်တာ မဟုတ်ပါဘူး။  အခုဆိုရင် ဘင်္ဂါလီတွေဘက်ကလည်း ကျွန်တော်တို့ရဲ့ အစိုးရဝက်ဘ်ဆိုက်တွေကို ပြန်ပြီး တိုက်ခိုက်လာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ရုံတင်ပဲ တိုက်ခိုက်တာပါ။ ဖျက်ဆီးပစ်တာ လုံးဝ မလုပ်ပါဘူး” ဟု ယင်းက ပြောကြားသည်။ မြန်မာဟက်ကာများ တိုက်ခိုက်သည့် ဝက်ဘ်ဆိုက်များကို www.blinkhackergroup.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ အကြမ်းဖက်သမားများဘက်မှ ထောက်ခံ ရေးသားနေသည့် ဝက်ဘ်ဆိုက်များအား တိုက်ခိုက်မည့် အစီအစဉ်တွင် Blink Hacker Group ၏ ပထမတည်ထောင်သူများနှင့် ဒုတိယတည်ထောင်သူများက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည့်ရည်ဖူး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account