Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

အင်တာနက်လိုင်းမလိုဘဲ ပြည်ပသို့ ဖုန်းခေါ်ဆိုနိုင်မည့် ၁၈၇၇ ဝန်ဆောင်မှု ဇူလိုင်လတွင် စတင်မည်



Photo
အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း မရှိဘဲ အင်တာနက်မှ တစ်ဆင့် နိုင်ငံခြားသို့ မိုဘိုင်းဖုန်း၊ အော်တိုလယ်လီဖုန်းများဖြင့် ဖုန်းခေါ် ဆိုနိုင်မည့် ၁၈၇၇ ဝန်ဆောင်မှုကို ဇူလိုင်လတွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း  Blue Ocean ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။
Blue Ocean ကုမ္ပဏီမှာ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို စတင်ရန်အတွက် ရတနာပုံတယ်လီပို့ကုမ္ပဏီ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့နှင့် ဈေးနှုန်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီး နိုင်ငံခြား ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ဘီလ်ကို ညှိနှိုင်းဆောင်ရွက်ပြီးပါက အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို လာမည့် ဇူလိုင်လအတွင်း စတင်သွားရန် စီစဉ်ထားပြီး နိုင်ငံခြားသို့ ခေါ်ဆိုမည့် ကုတ်နံပါတ်များအား မသိရှိပါက Call Center မှ အကူအညီပေးသွားမည် ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုအတွက် ဈေးနှုန်း သတ်မှတ်မှုကို အတိအကျ မသတ်မှတ်ရသေးသော်လည်း လက်ရှိ အသုံးပြုနေသည့် ဖုန်းဘီလ်နှုန်းထားများထက် သက်သာမှုရှိစေရမည်ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။ “နောက်လဆိုရင် ကျွန်တော်တို့ လုပ်ပါပြီ။ ၁၈၇၇ မှာ နိုင်ငံတကာကို ဖုန်းခေါ်တဲ့ ဆားဗစ်လည်း ဖြစ်ပါတယ်။ မိမိဖုန်းကနေပြီးတော့ ၁၈၇၇ ဆိုတဲ့ ကုတ်ကိုခေါ်ပြီးရင် ကိုယ်ခေါ်ဆိုချင်တဲ့ နိုင်ငံခြားက ဖုန်းတွေကို ခေါ်လို့ရပါပြီ” ဟု Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မကြာမီ စတင်တော့မည့် Call Center ၏ ၁၈၇၇ ပြည်ပ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုမှာ ဈေးနှုန်းချိုသာပါက Pfingo နှင့် Skype တို့ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account