Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 28, 2012

Facebook ဒါရိုက်တာအဖွဲ့တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို ခန့်အပ်



Photo
စတင်တည်ထောင်ချိန်မှ စတင်ကာ Facebook ၏ ဒါရိုက်တာ အဖွဲ့ဝင်များ စာရင်းတွင် အမျိုးသားများကိုသာ ခန့်အပ် တာဝန်ပေးခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို စတင် ခန့်အပ်လိုက်သည်။ Facebook ဒါရိုက်တာအဖွဲ့ရှိ နံပါတ် ၂ နေရာအား ရယူလိုက်သော အမျိုးသမီးမှာ ရှယ်လီဆန်းဘတ်ခ်ဆိုသူ ဖြစ်ပြီး သူမမှာ ၂၀၀၈ ခုနှစ်မှ စတင်၍ ကုမ္ပဏီသို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ အသက် ၄၂ နှစ် အရွယ်ရှိ ဆန်းဘတ်ခ်မှာ ကုမ္ပဏီ၏ chief operating officer ရာထူးကို စတင် ထမ်းဆောင်ခဲ့ပြီးနောက် ကြော်ငြာလုပ်ငန်းကိုလည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
 

ယခုကဲ့သို့ ရှယ်လီဆန်းဘတ်ခ်အား နံပါတ် ၂ အဆင့်ရှိ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်သည့်အတွက် အမျိုးသားများသာ လွှမ်းမိုးနေသော ဘုတ်အဖွဲ့၏ အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများကို ထပ်မံ မြင်တွေ့ရဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။ လက်ရှိအချိန်တွင် Facebook ဘုတ်အဖွဲ့ရှိ နံပါတ် ၁ နေရာကို တည်ထောင်သူလည်းဖြစ်၊ CEO ရာထူးလည်း ရရှိထားသူ မက်ခ်ဇူကာဘတ်ခ်က ရယူထားသည်။

AP၊ ကိုကိုအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account