Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

3G စနစ်သုံး ဖုန်းများ 3G Network ကို အပြည့်အဝ အသုံးပြုနိုင်တော့မည်



Photo
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အသုံးပြုခွင့် ပေးထားသည့် 3G စနစ်သုံး WCDMA ဖုန်းများကို 3G Network အပြည့်အဝ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  “3G Network ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မကြာခင် အပြည့်အဝ အသုံးပြုနိုင်တော့မှာပါ။ လက်ရှိ အချိန်မှာလည်း 3G Network ကို ရန်ကုန်မြို့ရဲ့ သုံးပုံတစ်ပုံအထိ လွှမ်းခြုံပေးထားနိုင်ပါပြီ ဒီ 3G Network က ဖုန်းလိုင်းနဲ့ အင်တာနက် အသုံးပြုတဲ့ နေရာမှာ အခြားကွန်ရက်ထက် ပိုအဆင်ပြေစေမှု ရှိစေမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

ဖုန်းများအတွက် အင်တာနက် Bandwidth ကို 5 Gbps အထိ ထပ်မံတိုးချဲ့မည်



Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ်ကို အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အတွက် အင်တာနက် Bamdwidth 5 Gbps အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ဖုန်းဖြင့် စာပို့သည့်စနစ် ပျောက်ကွယ်သွားမည်



Photo
SMS ဆိုသည့် စာပို့စနစ်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း စမတ်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာများတွင်  ခေတ်စားလာခဲ့သည်။ စမတ်ဖုန်းနှင့် 3G network ကို အသုံးပြုသူများသည် SMS ဖြင့် စာပို့ဆက်သွယ်ရသည့် စနစ်ကို ပိုနှစ်သက်လာပြီး အမေရိကန်တွင် အမျိုးသမီးများသည် SMS ဖြင့် ဆက်သွယ်ရခြင်းကို ပိုပြီးနှစ်သက် သဘောကျကြောင်း သိရသည်။
 

Friday, May 11, 2012

Registry Editor ကို ပိတ်ထားတဲ့နည်း ...

ကျွန်တော်တို့ သူငယ်ချင်းတွေ အလွန်ကလိကျတဲ့လူတွေပါဗျာ။ အဲဒီတော့ သူတို့ လာကလိလို့မရအောင် registry editor ကို ပိတ်ထားရအောင်ပါ ...။

Sub Menu မပေါ်အောင်/ပေါ်အောင် လုပ်နည်း

Sub Menu ဆိုတာ  Folder တစ်ခုကို right click ပေးပြီး ပေါ်လာတဲ့ open with (or) left arrow  တွေအပေါ်မှာ mouse pointer တင်လိုက်ရင် နောက်ထပ် ပေါ်လာတဲ့ Box လေးကို ပြောတာပါ။ ဒီနည်းလေးကတော့ အဲဒီ Sub Menu ဆိုတဲ့ Box လေး မပေါ်အောင် လုပ်နည်းပါ။

ဂျီဖုန်း အင်တာနက်သုံးခ လျှော့ချ

Photo
WCDMA ဖုန်းနှင့် CDMA ဖုန်းများမှလွဲ၍ ဂျီဖုန်းများ အင်တာနက်သုံးစွဲခ ထက်ဝက်နှုန်း လျှော့ချပေးလိုက်ပြီဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ကိုယ့်ဘာသာကိုယ် ကျော်ခွဆိုဒ် ရှာနည်း


ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ
appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။

Wednesday, May 9, 2012

သင်ဟာ လိုအပ်နေသူကို ကူညီခဲ့မယ်ဆိုရင်....

 
မျက်စိ မမြင်သော လူငယ်လေး တစ်ယောက်သည် အဆောက်အအုံ ဘေးရှိ လှေကားတွင် သူ့  ခြေထောက်နားတွင် ဦးထုပ်လေး တစ်လုံးချထားကာထိုင်နေသည်။ ထို့  နောက်လက်တွင် 'ကျွန်တော် မျက်စိမမြင်ပါ။ ကူညီကြပါ။' ဟူသော ဆိုင်းဘုတ် လေး ကိုင်ထားသည်။ ဦးထုပ်တွင် အကြွေစေ့ အနည်း သာ ရှိသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီက မြန်မာတွင် ရင်းနှီးမြှုနှံရန် ဆန္ဒရှိနေပြီး Piracy ကို စိုးရိမ်မိဟုဆို



Photo
ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေသော်လည်း မြန်မာနိုင်ငံ၏ မူပိုင်ခွင့်နှင့် ပုံတူကူးပွားခြင်း (Piracy) များကို စိုးရိမ်မိနေကြောင်း သိရသည်။  မြန်မာနိုင်ငံတွင် များစွာသော လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေသော်လည်း ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို စိုးရွံ့မိနေကြဆဲပင် ဖြစ်နေကာ EU နှင့် အမေရိကန်တို့၏ ပိတ်ဆို့မှုအချို့ ကျန်နေသေးခြင်းက ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲအချို့ ဖြစ်နေသေးသည်ဟု သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းများ တပ်ဆင်မည်



Photo
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် အတွင်းရှိ လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် ဟိုမိန်းမြို့နယ်ခွဲတို့တွင် GSM/CDMA ဖုန်းလိုင်းများ တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ubuntu tablet နှင့် စမတ်ဖုန်းများ ၂၀၁၃ တွင် ထွက်ပေါ်လာဖွယ်ရှိ



Photo
Linux အခြေခံ open source operating system (OS) ဖြစ်သည့် Ubuntu ကို အခြေခံထားသည့် tablet နှင့် စမတ်ဖုန်းများ ထုတ်လုပ်ရန် အတွက်  ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ ဆွေးနွေးတိုင်ပင်နေကြောင်း Canonical ဆော့ဖ်ဝဲကုမ္ပဏီမှ ပြောကြားခဲ့ပြီး ယင်းထုတ်ကုန်သစ်များကို လာမည့် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲ၌ စတင် မြင်တွေ့ရန် မျှော်လင့်ထားကြောင်း သိရသည်။

မြန်မာနာမည် Virus များ ရှင်းလင်းရန် နှင့် Software များ.



ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။ အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ ရုံမက တချို့က အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.

Passware Password Recovery Kit

အခုကျနော်တင်ပေးမှာကတော့ Password ခိုးတာလို့ လဲပြောလို့ ရသလို မေ့သွားတဲ့ Password ကို Recovery ပြန်လုပ်တယ်လို့ လဲပြောလို့ ရပါတယ်...။ ကျနော်လဲအချိန်သိပ်မရလို့ ခါတိုင်းလိုတော့ အညွှန်း တွေထည့်မနေတော့ဘူးနော်...။ တစ်ခါတည်း သုံးပုံသုံးနည်း ပဲတန်းပြောလိုက်ပါတော့မယ်..။ အောက်ကပုံ ကိုကြည့်ပါ..။

Photobucket 
 

Not Responding Killer

ကျွန်တော်တို့ တစ်ခါတလေ ကွန်ပျူတာမှာ Program တွေ အများကြီး run ထားချိန်မှာ တချို့ Program တွေ အရမ်းလေးလာပြီး Not Responding ဆိုပြီး ပြလာပါတယ်။ အဲ့ဒီအခါကြရင် ကျွန်တော်တို့ Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး ပိတ်ရတာ အလုပ်ရှုပ်ရသလို တခါတလေလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲ့ဒီလိုမျိုး Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး မပိတ်ရအောင် လုပ်တဲ့နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

မိုဘိုင်းဖုန်းများအတွက် အင်တာနက် ဝန်ဆောင်မှု မေလ ၇ ရက်နေ့က ပြန်လည်ချပေး



Photo
လက်ရှိ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းတယ်လီဖုန်းများအတွက် အင်တာနက် ဝန်ဆောင်မှုကို ၇-၅-၂၀၁၂ ရက်က စတင်ချပေးခဲ့ပြီး ယခင်ကျပ် ၁၅ သိန်းတန်၊ ကျပ် ငါးသိန်းတန်၊ ဂျီအက်စ်အမ်၊ CDMA 800 ဖုန်းများလည်း ပါဝင်ကြောင်း၊  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ၃-၅-၂၀၁၂ တွင် ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းများအတွက် e-Topup ကတ်စနစ်ကို အသုံးပြုရန် စီစဉ်




Photo
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကြိုတင်ငွေပေးကတ် စနစ်များကို မူလပုံစံမှ e-Topup ကတ်စနစ်ပုံစံသို့ ပြောင်းလဲ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။  အဆိုပါ e-Topup ကတ်စနစ်မှာ ကြိုတင်ငွေပေးကတ် ဖြည့်သွင်းရာတွင် ပုံမှန် ရိုက်သွင်း၍ ကုတ်နံပါတ် ထည့်သွင်းမှုအစား အီလက်ထရွန်နစ်နည်းပညာဖြင့် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိ ဖြည့်သွင်းနေတဲ့ ကြိုတင်ငွေပေးကတ်တွေကို တချို့လူတွေ မသွင်းတတ်တာလည်း ရှိတယ်။ e-Topup ကတ်စနစ်က ဆိုင်မှာ စက်နဲ့တစ်ခါတည်း ထည့်သွင်း ပေးလိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။
 

Tuesday, May 8, 2012

**ချစ်သူနဲ့လမ်းခွဲပြီးစ((သို့) အိမ်ထောင်ကွဲစ) မိန်းကလေးတစ်ယောက်ရဲ့ ယောက်ျားလေးသို့ သတိပေးစကား**(၂)

 
သတိပေးစကား (၁)
မိန်းကလေးကို အမြဲလျစ်လျူရှု၊ ဥပေက္ခာပြုတာမျိုး မလုပ်ပါနဲ့
ငယ်ရွယ်နုပျိုခြင်းဆိုတဲ့အရာကို ပိုလို့လက်ကိုင်မထားပါနဲ့
မကြာခဏ သင်ဒီလို ပြုမူဆက်ဆံတဲ့အခါ
သူ့ရဲ့အတွင်းအာရုံစိတ်က သင့်ရဲ့ဖြစ်တည်မှုကို တဖြေးဖြေးအေးစက် မေ့လျော့လာပါလိမ့်မယ်။

** ချစ်သူနဲ့လမ်းခွဲပြီးစ ((သို့) အိမ်ထောင်ကွဲစ) ယောက်ျားတစ်ယောက်ရဲ့ မိန်းကလေးသို့ သတိပေးစကား**

 
သတိပေးစကား (၁)
ယောက်ျားလေးကို အမြဲစစ်ဆေး၊ စမ်းသပ်တာမျိုး မလုပ်ပါနဲ့
"လမ်းခွဲမယ်"ဆိုတဲ့စကားနဲ့ အမြဲ မခြိမ်းခြောက်ပါနဲ့
မကြာခဏ သင်ဒီလို စောင်းပါးရိပ်ခြည်ပြောတဲ့အခါ
သူ့ရဲ့အတွင်းအာရုံစိတ်က လမ်းခွဲဖို့အသင့်ပြင်ထားတတ်ပါတယ်။

သတိပေးစကား(၂)
ယောက်ျားလေးက သင့်ကိုချစ်တယ်ဆိုတာနဲ့
သင့်အာဏာကို အဆုံးမရှိတိုးချဲ့လို့ရသွားပြီလို့ မထင်ပါနဲ့
သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့ ယုံကြည်ကိုးကွယ်မှု၊ သူ့ရဲ့စိတ်ကူးအိပ်မက်ကို
ဝင်မကန့်သတ် ၊ ဝင်မချုပ်ချယ်ပါနဲ့
သူ့မှာလည်း သင်သတိမထားမိနိုင်တဲ့ သူ့ကိုယ်ပိုင်ထူးခြားချက်တွေ ရှိပါတယ်။

သတိပေးစကား(၃)
"နင် ငါ့ကိုချစ်ရင် ငါဘာလိုချင်သလဲဆိုတာ နင်သိသင့်တာပေါ့"ဆိုတဲ့စကားကို အမြဲပွေ့ဖက်မထားပါနဲ့
ဒါဟာ လုံးဝ အဓိပ္ပာယ်မဲ့တဲ့စကားပါ
ဘယ်သူကမှ တစ်ဘက်သားဘာတွေးနေတယ်ဆိုတာကို အကုန်လုံးမသိနိုင်ပါဘူး
သင့်အတွေး၊ သင့်စိတ်ကူးကို သူ မသိတာနဲ့ သင့်ကို သူ မချစ်ဘူးဆိုတဲ့ကောက်ချက်က
အရမ်းဟာသဆန်လွန်းပါတယ်။
.
(ဆက်ပါဦးမယ်)

သူတို့လိုတာက......

 


မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားထဲ လှမ်းဝင်ဖို့ရာ
အချစ်၊ မေတ္တာရှိရုံနဲ့ မလုံလောက်ပါဘူး
သူ့ကို သင်နားလည်ပေးဖို့လည်း လိုပါတယ်

ကျွန်တော့်အတွက် အားဆေးလေးတစ်ခွက် (သို့) မိုးသူ(တောင်ကြီး)ရဲ့ စာတစ်စောင်


ကျွန်တော်က ပိုစ့်အသစ်တင်ဖို့ဘဲဖြစ်ဖြစ်၊ဒါမှမဟုတ် Internet ကိုဖွင့်ဖွင့်ခြင်းဘဲဖြစ်ဖြစ် ပထမဦးဆုံး ကျွန်တော့်ရဲ့ ရွှေမန်းသားလေးဆိုက်ကို အရင်ဆုံးဖွင့်ကြည့်ပြီးတော့မှ ကျန်တာတွေကို ဆက်ပြီး ပြုလုပ်ဆောင်ရွက်တာပါ။ တကယ်လို့အရေးကြီးကိစ္စရှိရင်တောင်မှ ကျွန်တော့်ဆိုက်ကိုအရင်ကြည့်ဖြစ်ပါတယ်။ ဒီနေ့အတွက် ဘယ်နှစ်ယောက် လာကြည့်ကြသလဲ၊ ဘယ်သူတွေက ဘယ်ကဏ္ဍတွေကို ပိုကြိုက်ကြသလဲ ဆိုတာတွေကို ကျွန်တော်ကကြည့်ရင်းနဲ့ ပီတိဖြစ်မိပါတယ်။ တစ်ခါတစ်လေဆိုရင် တစ်ရက်ထဲနဲ့ အယောက် ၅၀ကျော်လောက်လာကြည့်သွားကြရင်တောင် ကျွန်တော်ကပိုပြီးပျော်ရွှင်သလို လိုအပ်သူတွေအတွက်လည်း ပိုပြီးဖြည့်ဆည်းပေးချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်.
တကယ်တန်းပြောရရင် လက်ရှိကျွန်တော့်အသက်က ၁၇နှစ်ထဲရှိသေးတာပါ။ကျွန်တော် တစ်နေ့တစ်နေ့လုပ်တဲ့အလုပ်ကများပါတယ်။ ကွန်ပြုတာသင်တန်းမှာ ဆရာအနေနဲ့လည်းလုပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဦးစီးဆောင်ရွက်နေတဲ့ ပရဟိတအသင်းလေးအတွက်လည်း လိုအပ်တာ ဆောင်ရွက်ပေးရပါတယ်။ နောက်ပြီးတခြားသော အဖွဲ့အစည်းတွေက အကူအညီတောင်းရင်လည်း ပြုလုပ်ပေးနေရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်နဲ့သိတဲ့သူတိုင်းဟာ ပြောကြပါတယ်.မင်းငယ်ငယ်လေးနဲ့ ဒီလောက်လုပ်နေတာ အလုပ်တွေနိုင်ပါ့မလားတဲ့။ ကျွန်တော်ကတော့ ခံယူချက်တစ်ခု ရှိပါတယ်။ ဘာမဆိုလုပ်ရင်ဖြစ်နိုင်တယ်ဆိုတာကိုဘဲ။ ကျွန်တော်အခုလည်း တော်တော်လေးပီတိဖြစ်မိပါတယ်။ C-Box ထဲမှာ မိုးသူ(တောင်ကြီး)ရေးထားတဲ့စာကို တွေ့လိုက်ရလို့ပါ.

***ယနေ့ခေတ်လူတွေရဲ့ အခက်တကာ့အခက်များ***



ပိုက်ဆံချေးဖို့လွယ်တယ် ပြန်ဆပ်ဖို့ခက်တယ်
ကားမောင်းဖို့လွယ်တယ် ကားရပ်ဖို့ခက်တယ်
ပိုက်ဆံဖြုန်းဖို့လွယ်တယ် စုဆောင်းဖို့ခက်တယ်
နောက်ကျဖို့လွယ်တယ် စောရောက်ဖို့ခက်တယ်

အိပ်ရာဝင်ဖို့လွယ်တယ် အိပ်ရာထဖို့ခက်တယ်
ခေါင်းမာဖို့လွယ်တယ် လွတ်ချတတ်ဖို့ခက်တယ်
အလုပ်လုပ်ဖို့လွယ်တယ် လူလုပ်တတ်ဖို့ခက်တယ်
သက်သတ်လွတ်စားဖို့လွယ်တယ် ဘုရားဖြစ်ဖို့ခက်တယ်

ထီထိုးဖို့လွယ်တယ် ထီပေါက်ဖို့ခက်တယ်
စာဖတ်ဖို့လွယ်တယ် အသိဉာဏ်ရှိဖို့ခက်တယ်
လူကိုဆဲဆိုဖို့လွယ်တယ် တောင်းပန်တတ်ဖို့ခက်တယ်
တရားကျင့်ဖို့လွယ်တယ် ကိုယ့်ကျင့်တရားကောင်းဖို့ခက်တယ်

တခြားသူအပေါ်ကောင်းဖို့လွယ်တယ် မိသားစုအပေါ်ကောင်းဖို့ခက်တယ်
အမှားကိုကဲ့ရဲ့ဖို့လွယ်တယ် အမှန်ကိုပြင်ပေးဖို့ခက်တယ်
ထိုးနှက်ဖို့လွယ်တယ် အားပေးကူညီဖို့ခက်တယ်
အပြစ်ရှာဖို့လွယ်တယ် ချီးကျူးစကားပြောဖို့ခက်တယ်
_______

ဒီလိုချရေးဖို့လွယ်တယ် လိုက်လုပ်နိုင်ဖို့ခက်တယ်
အော်.. နိုင်းနိုင်းစနေ.. နိုင်းနိုင်းစနေ... ကျွတ်.. ကျွတ်..
(ခေါင်းခါပြီး ရွတ်ပါ)

နင့်ကို ငါချစ်တယ်




မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မကြာခဏမေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။

ပထမအချက်က သူ့ချစ်တဲ့ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။

ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့၊ ယုံကြည်မှုမဲ့လာလို့ဖြစ်တယ်။

သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပေးပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။

၂၀၁၂ခုနှစ် မေလ အတွက် ဗေဒင် ဟောစာတမ်း

ဒီလအတွက်ဟောစာတမ်းကတော့ ဆရာမျိုးဟန်ကို၏ ဟောပြောချက် ဖြစ်ပါတယ်.. ဆရာဟိန်းတင့်ဇော် ခရီးသွားနေသောကြောင့် တင်တာနောက်ကျသွားပါတယ်...

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Monday, May 7, 2012

ကွန်ပျူတာ လေးနေသူများအတွက် စက်ကိုပေါ့ပါးစေမဲ့ ဆော့ပ်ဝဲလ်

မသိကြသေးတဲ့သူငယ်ချင်းတွေအတွက် ဒီဆော့ပ်ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ဒီဆော့ပ်ဝဲလ်လေးက မိမိတို့ စက်ထဲမှာရှိတဲ့ ဖိုင်တွေကို နေရာတကျ သေသေချာချာ ပြန်စီပေးတဲ့ ဆော့ပ်ဝဲလ်လေးပါ။ဒီဆော့ပ်ဝဲလ်လေးကို Run လိုက်ပြီးတာနဲ့ မိမိတို့စက်ထဲက မလိုအပ်တဲ့ အပိုဖိုင်တွေကို Defrag လုပ်လိုက်ပါ။
သူ့ကိုယ်သူ အလိုလျောက် ဖိုင်တွေကိုပြန်စီပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒေါင်းလုတ်ဆွဲတဲ့အခါမှာ နေရာမမှားပဲ ဒေါင်းနိုင်အောင်လို့
အောက်ကလင့်ခ်လေးကိုနှိပ်ပြီး ဒေါင်းလိုက်ကြပါနော် !
http://www.auslogics.com/en/software/disk-defrag/download/

လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

Related Posts Plugin for WordPress, Blogger...

My Account