Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 29, 2012

လှုပ်ရှားမှုနဲ့ ဆော့ကစားနိုင်မည့် Motion Game Stick



Photo
လှုပ်ရှားမှုနဲ့ ဆော့ကစားနိုင်တဲ့ Genius အမှတ်တံဆိပ် Motion Game Stick ဖြစ်ပါတယ်။  G-sensor ပါဝင်တဲ့အတွက် ကြိုးမဲ့ ချိတ်ဆက် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံလုပ် IP ကင်မရာ ဝင်ရောက်



Photo
မန်းဈေးကွက်ကို အမေရကန်နိုင်ငံလုပ် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တဲ့ လုံခြုံရေး IP ကင်မရာများ ဝင်ရောက်လာပါတယ်။ 

Nikon Coolpix L24



Photo
ဈေးနှုန်း ကျပ် ၇၀,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူ အသုံးပြုနိုင်မယ့် Nikon Coolpix L24 (Original) ကင်မရာ ဖြစ်ပါတယ်။  14.0 Megapixels ပါဝင်ပြီး Optical Zoom ကို ၃.၆ ဆ အထိ ဆွဲယူ အသုံးပြုနိုင်ပါတယ်။

Reader Speaker



Photo
Multi-Function MP3 speaker အမျိုးအစားဖြစ်ပြီး သွားလေရာ သယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  BQ-20 မော်ဒယ်အမျိုးအစား ဖြစ်ပြီး iPod/MP3/MP4/PC/Phone စတာတွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယိုလည်း ဖမ်းယူ အသုံးပြုနိုင်ပါတယ်။ MiniSD ကတ်ပေါက် ပါဝင်တဲ့အတွက် SD ကတ်ထဲက သီချင်းတွေကိုလည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။

LiteOn External Slim DVD/CD Writer



Photo
LiteOn အမှတ်တံဆိပ် My Disk Suite External Slim DVD/CD Writer ကိုတော့ DVD Writer ဟာ အမြန်နှုန်း 8x နဲ့ ရေးဖတ်နိုင်မှာ ဖြစ်ပြီး  iPhone, iPad များနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Thursday, June 28, 2012

“ တောင်တမန်သက်သေ မောင့်မျက်ရည် ”


လေပြေရူးတို့ တိုက်ကာမြူး
လက်ပံကြွေတဲ့ ဒီနွေဦး...
သစ်ရွက်ခြောက်တွေ မြေမှာပြေး
တမ်းတမိတယ် မျက်နှာလေး...
အတူသွားခဲ့ ကျောက်တော်ကြီး
ထိုင်ကာငိုင်ကာ မျှော်နေမိ...
အတူလျှောက်သည့် မြေနီလမ်း
မှန်းကာတမ်းဆ လျှောက်ခါလွမ်း...
အတူထိုင်တဲ့ သစ်ပင်အောက်
ပြန်ရောက်မိတော့ အလွမ်းတွေပေါက်...
ချစ်သူ ဘယ်ဆီရောက်နေနေ
မောင့်ရင်ထဲက အချစ်ဟာလေ
တောင်တမန်သက်သေ မောင့်မျက်ရည်...

လင်းယံခ (မြန်မာစာ)

နန်းဆန်တော်ဝင် ပန်းသဇင်

နန်းဆန်တော်ဝင် ပန်းသဇင်

ဆံနွယ်ရှည် ကျောမှာချလို့
လှပါတဲ့ ပျိုကညာ
ချီးမွမ်းကာမှ ငြင်းရက်တယ်
တော်ဝင်နန်းထိုက် ပန်းသခင်မလေးရယ်.......
မြင်သူတိုင်း စွဲလမ်းလောက်တယ်ကွယ်.....

လင်းယံခ (မြန်မာစာ)
21/6/2012
6:00PM

Facebook ဒါရိုက်တာအဖွဲ့တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို ခန့်အပ်



Photo
စတင်တည်ထောင်ချိန်မှ စတင်ကာ Facebook ၏ ဒါရိုက်တာ အဖွဲ့ဝင်များ စာရင်းတွင် အမျိုးသားများကိုသာ ခန့်အပ် တာဝန်ပေးခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို စတင် ခန့်အပ်လိုက်သည်။ Facebook ဒါရိုက်တာအဖွဲ့ရှိ နံပါတ် ၂ နေရာအား ရယူလိုက်သော အမျိုးသမီးမှာ ရှယ်လီဆန်းဘတ်ခ်ဆိုသူ ဖြစ်ပြီး သူမမှာ ၂၀၀၈ ခုနှစ်မှ စတင်၍ ကုမ္ပဏီသို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ အသက် ၄၂ နှစ် အရွယ်ရှိ ဆန်းဘတ်ခ်မှာ ကုမ္ပဏီ၏ chief operating officer ရာထူးကို စတင် ထမ်းဆောင်ခဲ့ပြီးနောက် ကြော်ငြာလုပ်ငန်းကိုလည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
 

iPhone 5 မူရင်းပုံစံကို ဖော်ထုတ်မိတ်ဆက်



Photo
အသစ်ထပ်မံ ထွက်ပေါ်လာမည့်  iPhone မျိုးဆက်များ အနက်မှ iPhone 5(1) နှင့် (2) တို့၏ မူရင်းပုံစံများကို သုံးစွဲသူများ သိရှိစေရန် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယခုနှစ်အတွင်း ထုတ်လုပ် ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းနေကြသည့် iPhone 5(1) နှင့် (2) တို့တွင် Apple က အထူးပြု ထည့်သွင်းထားသော NFC Chips နှင့် အင်တင်နာတစ်ခုကို ထည့်သွင်း တပ်ဆင်ထားကြောင်း ဆိုသည်။
 

ဘာသာစကားများ ဆိတ်သုဉ်း ပျောက်ကွယ်မှုဘေးမှ ကာကွယ်ရန် Google ကူညီမည်



Photo
ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ လူထောင်ဂဏန်းမျှကသာ ပြောဆို အသုံးပြုလျက်ရှိသော ရှေးဟောင်း ဘာသာစကားများကို ဆိတ်သုဉ်း ပျောက်ကွယ်သွားခြင်း မရှိစေရန် နည်းပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း Google က ကြေညာလိုက်သည်။
 

အင်တာနက်လိုင်းမလိုဘဲ ပြည်ပသို့ ဖုန်းခေါ်ဆိုနိုင်မည့် ၁၈၇၇ ဝန်ဆောင်မှု ဇူလိုင်လတွင် စတင်မည်



Photo
အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း မရှိဘဲ အင်တာနက်မှ တစ်ဆင့် နိုင်ငံခြားသို့ မိုဘိုင်းဖုန်း၊ အော်တိုလယ်လီဖုန်းများဖြင့် ဖုန်းခေါ် ဆိုနိုင်မည့် ၁၈၇၇ ဝန်ဆောင်မှုကို ဇူလိုင်လတွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း  Blue Ocean ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဝက်ဘ်ဆိုက် လွှင့်တင်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဝက်ဘ်ဆိုက်ဖြစ်သော www.myanmarconstitutionaltribunal.org.mm ကို  ဇွန်လ ၂၁ ရက်နေ့တွင် စတင်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

ကားရောင်းသူ ဝယ်သူ အွန်လိုင်းမှ တွေ့ဆုံပွဲ ကျင်းပမည်

ကားရောင်းသူနှင့် ဝယ်သူများ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံနိုင်အောင် စီစဉ်နေကြောင်း iBiz Service Provider ကုမ္ပဏီမှ ဦးဝင်းထွန်းက ပြောသည်။  အဆိုပါ ကားရောင်းသူနှင့် ဝယ်သူများ တွေ့ဆုံရန် www.myanmarexpo.net ဝက်ဘ်ဆိုက် စီစဉ်၍ သြဂုတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ အွန်လိုင်း ကုန်စည်ပြပွဲအဖြစ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘင်္ဂါလီ ဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များကို ပြန်လည် တိုက်ခိုက်လာ

ဘင်္ဂါလီ ဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များကို ပြန်လည်တိုက်ခိုက်လာကြောင်း  ၂၀-၆-၂၀၁၂ ရက်တွင် Blink Hacker Group မှ ဟက်ကာတစ်ဦးက ပြောကြားသည်။

Pudding . to



Photo
Pudding to ဟာ Facebook နဲ့ Flickr လို Social media ပုံစံနဲ့ ဓာတ်ပုံကို စိတ်ကြိုက်ဖန်တီးမှုတွေ ပေါင်းစပ်ထားပါတယ်။  သုံးစွဲသူတွေဟာ ဓာတ်ပုံတွေကို upload လုပ်နိုင်သလို editing အချို့လည်း ပြုလုပ်နိုင်ပါတယ်။

Google Map 6.8.1 Version အသစ်တွင် Offline Map အသုံးပြုနိုင်



Photo
Google မှ အသစ်ထွက်ရှိလာသော Google Map 6.8.1 version တွင် offline Map အသုံးပြု၍ ရနိုင်ပြီဖြစ်ကြောင်း အဆိုပါ application ကို ဖုန်းအတွင်း ထည့်သွင်းပေးလျက် ရှိသော  Mobimax  ဖုန်းဆိုင်မှ သိရသည်။

အွန်လိုင်းမှ မီတာဆောင်ခြင်း မန်းတွင် ဝန်ဆောင်မှုပေးမည်

အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းကို ဇူလိုင်လ၌ မန္တလေးတိုင်း ဒေသကြီးတွင် ဝန်ဆောင်မှု ပေးမည်ဟု ရတနာပုံ တယ်လီပို့မှ သိရသည်။  လက်ရှိတွင် အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းကို နေပြည်တော်တစ်ခုသာ ဝန်ဆောင်မှု ပေးထားရာ၌ အွန်လိုင်းတွင် တိုက်ရိုက် မီတာခ ပေးဆောင်နိုင်ခြင်း မရှိဘဲ ဘဏ်များမှ တစ်ဆင့် ပေးဆောင်နိုင်ခြင်းသာ ရှိသေးကြောင်း သိရသည်။

Wednesday, June 27, 2012

Gmail အကောင့် lock ကျသွားခဲ့ရင်..

 အင်တာနက် သုံးစွဲသူတိုင်းမှာတော့ gmail အကောင့်လေး တစ်ခုလောက်တော့ ရှိကြမှာပါ။ တစ်ချို့ဆိုရင် လေးငါးဆယ်ခုလောက်တောင် ရှိတတ်ကြပါတယ်။ ဒါပေမယ့် gmail အကောင့်တွေက မဖွင့်တာကြာရင်ဘဲဖြစ်ဖြစ်၊ တစ်ခုခုလိုက်မိလိုက်လို့ဘဲဖြစ်ဖြစ် lock ကျသွားတတ်ပါတယ်။

သူတို့လိုအပ်နေတာက

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။

တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။

သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။

သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။

သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေဖြစ်တယ်။
.

မာန်တက်ခြင်း (၁၆) ပါး..


(၁) မာန် - မာန်တက်ခြင်း။
(၂) အတိမာန် - အလွန်မာန်တက်ခြင်း။
(၃) မာနာတိမာန် - မာနထက် အလွန် မာန်တက်ခြင်း။
(၄) ဇာတိမာန် - အမျိုးကို စွဲ၍ မာန်တက်ခြင်း။

မေတ္တာ

ဘ၀မှာ အရေးကြီးတဲ့ လူတစ်ယောက်နဲ့ တွေ.ရတော့မယ်ဆိုရင် မတွေ.ခင် တစ်ပတ် လောက်အလို ကတည်းက ကြိုပြီး မေတ္တပို. ထားရင် အကောင်းဆုံးပါပဲ။ ရေချိုးပြီးစ အ၀တ်သစ်ကလေး ၀တ်ပြီးစမှာ ပို.ရင် ပို အဆင်ပြေပါတယ်။ ဘာဖြစ်လို.လဲ ဆိုတော့ ရေချိုးပြီးစ ဆိုတော့ ရုပ်က ကြည်နေပါတယ်။ ရုပ်ကြည်တော့ စိတ်ကပါ လိုက်ကြည် နေပါတယ်။ စိတ်ကော ရုပ်ကော ကြည်နေတဲ့ အချိန်မှာ မေတ္တာ ပို.ရတာ အထိ ရောက်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

-၁။ အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ငါးမျိုးကုသိုလ်

၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

ကမ္ဘာစောင့်တရားနှစ်ပါး


ကမ္ဘာစောင့်တရားနှစ်ပါးဆိုသည်မှာ ဟီရိ သြတ္တပ္ပတရားပင်ဖြစ်သည်။ ထိုတရားနှစ်ပါးကို မြန်မာ နိုင်ငံရှိ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော်တော်များများ သိကြလိမ့်မည်ထင်ပါသည်။ ဟီရိသြတ္တပ္ပမှာ ပါဠိစကား ရပ်ပင်ဖြစ်သည်။ မြန်မာလို အနက်အဓိပ္ပာယ်ပြန်ရမယ် ဆိုရင် ရှက်ခြင်းကြောက်ခြင်းပင်ဖြစ်သည်။

တကယ်လို့ သင်သာ....

မိုးနေ့တစ်နေ့..... ကောင်မလေးတစ်ယောက်.... ထီးတစ်ချောင်း

တကယ်လို့ ဒီလိုကောင်လေးသုံးယောက်ရှိရင်...

Related Posts Plugin for WordPress, Blogger...

My Account