Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, September 15, 2012

သမ္မတရုံးဝက်ဘ်ဆိုက်မှတစ်ဆင့် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်



Photo
မကြာသေးမီက အသစ်ပြန်လည်မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် သမ္မတထံ အင်တာနက်မှ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခု ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြုကာ ပြည်သူများအနေဖြင့် သမ္မတထံသို့ တိုက်ရိုက် တင်ပြနိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ တင်ပြစရာများ၊ မကျေနပ်ချက်များ၊ တိုင်ကြားချက်များကို သမ္မတရုံး၏ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှတစ်ဆင့် တိုင်ကြားနိုင်ပြီဖြစ်ကြောင်း www.president-office.gov.mm တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းလုံး၌ ကွန်ပျူတာပညာရှင် အသင်းဝင်ပေါင်း ၁၁၀၀၀ ကျော်ရှိ

၂၀၁၂ ခုနှစ် သြဂုတ်လ ကုန်ဆုံးချိန်အထိ နိုင်ငံအသင်းနှင့် ပြည်နယ်တိုင်း၊ ဒေသကြီး ကွန်ပျူတာပညာရှင် အသင်းများ၌ ဝင်ရောက်ထားသည့် အသင်းဝင်ဦးရေမှာ ၁၁၂၄၁ ဦးအထိ ရှိကြောင်း၊  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးမှ သိရသည်။ ကွန်ပျူတာပညာရှင် အသင်းဝင်များအား ဒေသအလိုက် ဖွဲ့စည်း တည်ထောင်ခဲ့ရာတွင် Student Member၊ Associate Member၊ Professional Member နှင့် Fellow Member ဟူ၍ ၄ မျိုးခွဲခြားကာ

Internet Explorer တွင် Web Site များကို Block လုပ်ခြင်း



Photo
Internet Explorer သုံးတဲ့အခါမှာ Web Site အချို့ကို ဒါမှမဟုတ် အားလုံးကို Block လုပ်ထားချင်တဲ့အခါမှာ ဒီနည်းလေးက အသုံးဝင်ပါလိမ့်မယ်။  Internet Explorer ကိုဖွင့်ပါ။ Internet Explorer>Tool> Internet Option>Connection>LAN Setting က အဆင့်ဆင့်ဝင်ပါ။ ထို့နောက် Use a proxy server for your Lan ကို Check လုပ်ပါ။ ထို့နောက် Advance ကို နှိပ်ပါ။ Proxy Setting dialog box ပေါ်လာပါမည်။ HTTP တွင် Inthemine ကဲ့သို့သော Internet address တကယ် မရှိနိုင်သည့် စာလုံးအချို့ ရိုက်ထည့်ပါ။

မိုဘိုင်းဖုန်း အင်တာနက်သုံးခ ပိုမိုဖြတ်တောက်မှု ရှိနေသည်ဟု သုံးစွဲသူအချို့ ယူဆ



Photo
မိုဘိုင်းအင်တာနက် သုံးစွဲခ သတ်မှတ်နှုန်းထားထက် ပို၍ နုတ်ယူမှု ရှိနေသည်ဟု ဖုန်းသုံးစွဲသူ အချို့က သံသယရှိကြသည်။  လက်ရှိတွင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့်ကို ဂျီဖုန်းများအား ၁ မိနစ် ၂ ကျပ် နှုန်းဖြင့် လည်းကောင်း၊ WCDMA ဖုန်းနှင့် CDMA 800 MHz ဖုန်းများအား ၁ မိနစ် ၄ ကျပ် နှုန်းဖြင့် ကောက်ခံမည်ဟု ထုတ်ပြန်ထားသည် ဆိုသော်လည်း မိုဘိုင်းဖုန်းအချို့တွင် သတ်မှတ်နှုန်းထက် ပိုသော ကောက်ခံမှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု ထင်ကြောင်း ၎င်းတို့က ပြောသည်။

Thursday, September 6, 2012

ငါပြောချင်သမျှ ငါ့အကြောင်း ဒေါက်တာသန်းထွန်း E-book

 
စာအုပ်အမည် - ငါပြောချင်သမျှ ငါ့အကြောင်း
ရေးသားသူ - ဒေါက်တာသန်းထွန်း
ဒေါင်းရန်လင့် - http://minus.com/lEAtnSFvc93D8

အနုပညာ လက်ရာပစ္စည်း ဒေါက်တာသန်းထွန်း E-book


စာအုပ်အမည် - အနုပညာ လက်ရာပစ္စည်း
ရေးသားသူ - ဒေါက်တာသန်းထွန်း
ဒေါင်းရန်လင့် - http://minus.com/lbxQl2VGx0jTjO

သမိုင်းနှင့်စကားပြောခြင်း E-book

 

ဒီစာအုပ်လေးဟာလည်း ဆရာဒေါက်တာသန်းထွန်းရေးခဲ့တာပါဘဲ။

စာအုပ်အမည် - သမိုင်းနှင့်စကားပြောခြင်း

ရေစို ဟန်းဆက်တစ်လုံးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ



Photo
“မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ရေကူးကန်ထဲသို့ ဟန်းဆက်လွတ်ကျခြင်း၊ ရေအိမ်ထဲသို့ ဟန်းဆက်ပြုတ်ကျခြင်း၊ အဝတ်လျှော်စက်ထဲ ဟန်းဆက်ပါသွားခြင်း စတဲ့  ဖြစ်ရပ်မျိုးတွေနဲ့ ကြုံတွေ့ရတဲ့ အခါမှာ အထိတ်တလန့် မဖြစ်ပါနဲ့။ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်ခြင်းဖြင့် ရေစိုသွားတဲ့ ဟန်းဆက်ကို အကောင်းအတိုင်း ပြန်လည် အသုံးပြုနိုင်ဖို့အတွက် အကောင်းဆုံး  အခွင့်အရေး ရရှိနိုင်ပါတယ်။ ဒါကြောင့် ဟန်းဆက် ရေစိုသွားတဲ့ အခါမှာ လျင်မြန်စွာ ပြုလုပ်နိုင်တဲ့ ဖြေရှင်းနည်းများနဲ့ မပြုလုပ်သင့်တဲ့ လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်”

အစ္စရေး သမိုင်းဝင်ပန်းခြံတွင် မြည်းများပေါ်၌ Wi-Fi အင်တာနက် တပ်ဆင်ထား



Photo
ခရစ်ယာန် ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်ရာတွင် အလွန်နာမည်ကြီးသည့် အစ္စရေးနိုင်ငံ တောင်ဘက်ရှိ သမိုင်းဝင်ပန်းခြံ K far Kedem တွင်  ယခုအခါ Wi-Fi အင်တာနက်ကို တစ်ပါတည်း ချိတ်ဆက်ပေးထားသည့် မြည်းများကို စီးနိုင်ပြီဖြစ်ကြောင်း ဆက်ပေးထားသည့် မြည်းများကို စီးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဟက်ကာများ၏ DDOS နည်းပညာဖြင့် ကွန်ပျူတာ တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြိုတင် ပြင်ဆင်ထားသင့်ဟု ဆို



Photo
ပြည်ပ ဟက်ကာများ၏  DDOS နည်းပညာဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွားစေရန်အတွက် အစိုးရ ဝန်ကြီးဌာနများ အနေဖြင့် အင်တာနက် ကွန်ရက်များကို ကြိုတင်ကာကွယ် ပြင်ဆင်ထားသင့်ကြောင်း  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် လက်ရှိ ထုတ်လွှင့်နေသော Analog ရုပ်သံလိုင်းများအစား ဒီဂျစ်တယ် ရုပ်သံစနစ်ကို ပြောင်းလဲ ထုတ်လွှင့်မည်

၂၀၁၅ ခုနှစ်တွင် Analog ရုပ်သံလိုင်းများအစား ဒီဂျစ်တယ် ရုပ်သံစနစ်ကို ပြောင်းလဲ ထုတ်လွှင့်ရန်ရှိကြောင်း  ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးဝင်းက ၂၂-၈-၂၀၁၂ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားခြင်းမှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 

Apple ၏ နည်းပညာကို Samsung ပုံတူကူးချခြင်း မရှိဟု ဂျပန်တရားရုံး ဆုံးဖြတ်



Photo
Apple ၏ နည်းပညာများကို မူပိုင်ခွင့် ချိုးဖောက်၍ ကူးယူခဲ့မှုဖြင့် Samsung အား အမေရိကန်တရားရုံးက ဒေါ်လာ ၁ ဘီလျံ ပေးဆောင်ရန် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် အမေရိကန်တရားရုံး၏ အဆိုပါ စီရင်ချက် ချမှတ်အပြီး တစ်ပတ်အကြာတွင်မူ ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple နှင့် Samaung တို့ ဖြစ်ပွားသည့် အလားတူ အမှုကိစ္စတွင် Samsung အနေဖြင့် Apple မူပိုင်ခွင့် ချိုးဖောက်၍ ပုံတူကူးချ ခိုးယူခဲ့ခြင်းမရှိကြောင်း ဆုံးဖြတ်လိုက်သည်။

ရေစိုခံအကြမ်းခံကာ ဈေးနှုန်းသက်သာသည့် Land Rover ဖုန်းဝင်ရောက်



Photo
ရေစိုခံ အကြမ်းခံကာ ဈေးနှုန်းသက်သာသည့် Land Rover ဖုန်းအမျိုးအစားသစ်တစ်ခု ဝင်ရောက်လာကြောင်း သိရသည်။ ၎င်းဖုန်းမှာ GSM စနစ်နှင့် CDMA 450 MHz စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Dual Sim ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည်။ ရေစိုခြင်းနှင့် ဖုန်းထိခိုက်ခြင်းတွေအား အကောင်းဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး

သမဝါယမဘဏ် အွန်လိုင်းဖုန်းဘီလ်စနစ် (Giro Account) အကောင့်တစ်ခုတွင် ဖုန်းအလုံးရေ ဆယ်လုံးအထိ ပေးဆောင်နိုင်မည်

ယခုလအတွင်း စတင်အကောင်အထည်ဖော်လိုက်သည့် သမဝါယမဘဏ်၏ အွန်လိုင်းဖုန်းဘီလ်စနစ် (Giro Billing Payment System) တွင် အကောင့်တစ်ခု၌ ဖုန်းအလုံးရေ ၁၀ လုံးအထိ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သမဝါယမဘဏ်၏ တာဝန်ရှိသူက ပြောကြားသည်။

မြန်မာဆိုတာ ဒေါက်တာသန်းထွန်း E-book

 
ဆရာဒေါက်တာ သန်းထွန်းပြောတာလေးကို အမှတ်ရမိပါတယ်။ ဆရာကို သမိုင်းဘာလို့သင်ရသလဲလို့ မေးတော့ မ အ အောင် လို့တဲ့။ ဆရာ့ကို လေးစားမိပါတယ်။ ဒီစာအုပ်လေးကတော့ ဆရာရေးခဲ့တဲ့ မြန်မာဆိုတာ ဆိုတဲ့စာအုပ်ကလေးပါ။ လူတိုင်းဖတ်သင့်တယ်လို့ ထင်ပါတယ်။

SKYFIRE 4.0



Photo
Android မိုဘိုင်းပလတ်ဖောင်းပေါ်မှာ သုံးစွဲသူ ၁၀ သန်းကျော်ရှိတဲ့ Mobile Browser Skyfire က ဗားရှင်းသစ် 4.0 ကို iOS ပေါ်မှာ အခမဲ့ Free သုံးစွဲခွင့် ပေးခဲ့ပါတယ်။  Flash တစ်ပါးတည်း ပံ့ပိုးထားတဲ့ Skyfire 4.0 က အွန်လိုင်း ဗီဒီယိုတွေကို ကြည့်ရှုလိုတဲ့ iOS ပရိသတ်တွေကို အမိအရ ဆွဲဆောင်ထားနိုင်ပါတယ်။ အချိန်တိုအတွင်း iOS ပေါ်မှာ သုံးစွဲသူ ၁ သန်းကျော် တိုးပွားလာတဲ့ Skyfire က Facebook နဲ့ Twitter ပေါ်က နောက်ဆုံး Update ကို အလွယ်တကူ ဝင်ရောက်နိုင်အောင် ဖန်တီးထားပါတယ်။ Feature အစုံအလင် သုံးစွဲနိုင်မယ့်အပြင် Social Sharing, Feed Reader နဲ့ Useragent Switching တို့ကိုပါ သုံးစွဲနိုင်ပါတယ်။

ပြည်ထောင်စုဝန်ကြီး (၃၇) ဦး၏ အမည်စာရင်း


Photo
စက်တင်ဘာလ ၅ ရက် ။    ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံသို့ ရောက်ရှိနေသော ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

World Newspapers



Photo
ကမ္ဘာတစ်ဝန်းက နေ့စဉ်ထုတ် သတင်းစာပေါင်း 6000 ကျော်နဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေကို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေဖို့ ကူညီပေးမယ့် Mobile App တစ်ခုပါ။  ပေါ့ပေါ့ပါးပါး သုံးနိုင်မယ့် ဒီ App က နေရာဒေသအမျိုးမျိုး၊ နိုင်ငံအလိုက်ဖြစ်ပျက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို ထဲထဲဝင်ဝင် သိရှိစေနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ မိုဘိုင်း ပလတ်ဖောင်းတွေမှာတောင် မထောက်ပံ့နိုင်သေးတဲ့ နိုင်ငံအလိုက် Native ဘာသာစကားတွေကို သတင်းစာတွေပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ သုံးစွဲရ လွယ်ကူရိုးစင်းတဲ့ User Interface ပါဝင်ပြီး မနက်မိုးလင်းတိုင်း သတင်းစာလာပို့ဖို့ မျှော်တလင့်လင့် စောင့်နေရတဲ့ ဒုက္ခက ကင်းဝေးစေမှာပါ။ ဖတ်ရှုပြီး နှစ်သက်တဲ့ သတင်းတွေကို လူမှုကွန်ရက် Facebook လို Site မျိုးမှာ အလွယ်တကူ Share နိုင်ပါတယ်။

ဖုန်းနံပါတ်နှင့် အီးမေးလ်အခြေခံ ကြော်ငြာဝန်ဆောင်မှုကို Facebook စတင်

Facebook လူမှုကွန်ရက်သည် ၎င်းတို့ဝက်ဘ်ဆိုက်ပေါ်တွင် ကြော်ငြာကြသည့် ကုမ္ပဏီများအတွက် Feature သစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပြီး  ၎င်း Tool အား အသုံးပြု၍ ကြော်ငြာသည့် ကုမ္ပဏီများက Facebook အသုံးပြုသူများ၏ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများသို့ ကြော်ငြာပေးပို့နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

စိတ်ကူးပုံဖော် ဦးထုပ်



Photo
စိတ်ကူးယဉ်ဆန်ဆန် ရုပ်သံဇာတ်လမ်းတွေကို တကယ်ဖြစ်နေသလို ခံစားနိုင်မယ့် စိတ်ကူးပုံဖော်စက်ကို ဂျပန်နိုင်ငံမှာရှိတဲ့ ဦးနှောက်ဆိုင်ရာ သိပ္ပံဓာတ်ခွဲခန်းက တီထွင်ပြလိုက်ပါပြီ။  ဒီဦးထုပ်ကို ဆောင်းပြီး၊ စိတ်ကူးယဉ် ရုပ်ရှင်တွေကို ကြည့်လိုက်တဲ့အခါ ရုပ်ရှင်ဇာတ်လမ်းတွေဟာ လက်တွေ့ဘဝမှာ ဖြစ်နေသလို ခံစားရတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

COMICS



Photo
ရုပ်ပြကာတွန်းစာအုပ်တွေကို နှစ်သက်တတ်တဲ့ ကလေးသူငယ်များ အတွက် လူကြိုက်များ ထင်ရှားတဲ့ လစဉ်ထုတ် ကာတွန်းရုပ်ပြပေါင်း 13,000 ကျော်ကို ဒစ်ဂျစ်တယ်စာအုပ်များ အသွင် Library ပုံစံ စုစည်းပေးထားတဲ့ App ဖြစ်ပါတယ်။  ရှင်းလင်းထင်ရှားတဲ့ User Interface ကသုံးရလွယ်ကူပြီး Free ရနိုင်တဲ့ ရုပ်ပြကာတွန်းတွေကိုလည်း ရှာဖွေနိုင်ပါတယ်။ ရုပ်ပြ အမျိုးအစားပေါင်း ၅၀၀၀ ကျော်ထဲက အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ပေါင်း ၅၀၀ ကျော်ကို ရရှိနိုင်ပါတယ်။

ကမ္ဘာပေါ်ရှိ ရုပ်ပုံများအား ခွဲခြားနိုင်သည့် နည်းပညာသစ်ကို Google မှတ်ပုံတင်



Photo
Google ကုမ္ပဏီသည် ၎င်းတို့၏ အွန်လိုင်းရှာဖွေရေး ဝန်ဆောင်မှုကို ပိုမိုထူးခြား ကောင်းမွန်အောင် အစဉ်မပြတ် လုပ်ဆောင်နေရာ ယခုအခါ၌  ဓာတ်ပုံများ၊ ဗီဒီယိုများကို Scan ပြုလုပ်၍ ကမ္ဘာပေါ်ရှိ အရာဝတ္ထုများအား ခွဲခြားနိုင်သည့် နည်းပညာကို  အွန်လိုင်း ရှာဖွေရေးစနစ်တွင် အသုံးပြုရန် နည်းပညာ မှတ်ပုံတင်နိုင်ခဲ့ပြီ ဖြစ်သည်။

Sony ၏ ပထမဦးဆုံး ၈၄ လက်မ XBR-84X900 4K TV



Photo
Sony ကုမ္ပဏီ၏ 2012 ခုနှစ်အတွက် အကြီးမားဆုံး ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် ၈၄ လက်မ အရွယ်အစားရှိ XBR-84X900 4K တီဗီကို စတင်မိတ်ဆက် ဖြန့်ချိလိုက်သည်။ ၎င်း XBR-84X900 သည် လက်ရှိအချိန်တွင် Sony ၏ အကြီးမားဆုံး ရုပ်မြင်ဖန်သားပြင်ဖြစ်ပြီး 4K resolution ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၈၄ လက်မအရွယ်ဖြင့် ထုတ်လုပ်ထားပြီး

အရွယ်အစားသေးငယ်ပြီး အကြမ်းခံသည့် Sony Action Cam Camcorder



Photo
Sony ကုမ္ပဏီက super compact camcorder ဖြစ်သည့် Action Cam ကို မိတ်ဆက်ပေးခဲ့သည်။ အရွယ်အစားအနေဖြင့် အမြင့် ၂ လက်မ၊ အနက် ၂.၆ လက်မနှင့် အကျယ် ၀.၉ လက်မရှိပြီး CarlZeiss မှန်ဘီလူးနှင့် Exmor R BSI CMOS sensor နှင့် Bionz processor တို့ကို အသုံးပြုထားသည်။ 1080p30, 720p120 (4x slow-motion capture), 720p60 (2x slow-motion capture), 720p30 480p30 စသည့် MP4 recording option များနှင့် ရိုက်ကူးနိုင်သည်။ Digital image  stabillzation ပါဝင်ပြီး 16-megapixel ဓာတ်ပုံများကိုပါ ရိုက်ကူးနိုင်သည်။

Chrome မှ ဝက်ဘ်ဆိုက်များအတွက် one-click desktop shortcut များ ဖန်တီးခြင်း



Photo
ဒီတစ်ပတ်မှာတော့ web ပေါ်မှ နှစ်သက်ရာ ဆိုက်များနဲ့ ဝန်ဆောင်မှုများကို လျင်မြန်စွာ အသုံးပြုနိုင်ရန်အတွက်  desktop နဲ့ taskbar ပေါ်မှာ shortcut များ ဖန်တီးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းအတွက် Chrome browser နဲ့ နှစ်သက်ရာ ဝက်ဘ်ဆိုက်များကို ကြည့်ရှုတဲ့အခါမှာ Web address ရိုက်ထည့်စရာမလိုဘဲ လျင်မြန်စွာ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account