Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, June 21, 2012

ZTE အမှတ်တံဆိပ် 658A Model အထိုင်ဖုန်းအသစ် ဈေးကွက်အတွင်း ရောက်ရှိ



Photo
ပြည်တွင်း ဈေးကွက်အတွင်း ZTE အမှတ်တံဆိပ် အရည်အသွေးမြင့် 658A Model အထိုင်ဖုန်းအသစ် တစ်မျိုး ဈေးကွက်အတွင်း ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်လာသည့် IBM ကွန်ပျူတာ




Photo
ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်မားဆုံး စူပါကွန်ပျူတာများ အပြိုင်အဆိုင် တည်ဆောက်နေမှုတွင် အမေရိကန်က တစ်ကျော့ပြန် ဦးဆောင်လာပြီ  ဖြစ်သည်။

Tablet New iPad ကို ယှဉ်ပြိုင်မည့် Samsung Galaxy Tab2 ရန်ကုန် ဈေးကွက်သို့ စတင် ဝင်ရောက်လာ

Apple မှ နောက်ဆုံးထုတ် နည်းပညာသစ် New iPad အား ယှဉ်ပြိုင်ရန်အတွက် Samsung မှ ထုတ်လုပ်လိုက်သော Galaxy Tab 2 ရန်ကုန် ဈေးကွက်သို့ စတင် ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။

ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop မြန်မာပြည် ဈေးကွက်အတွင်း ရောက်ရှိ

Dell အမှတ်တံဆိပ် နည်းပညာ ပစ္စည်းများကို မြန်မာပြည် တရားဝင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဖြန့်ချိ ပေးလျှက်ရှိသော Myanmar Dragon Power Int'l Trade Co.,Ltd မှ  ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop ကို မြန်မာနိုင်ငံ ဈေးကွက်သို့  စတင် ဖြန့်ချိလျှက် ရှိကြောင်း သိရသည်။

လွှတ်တော်တွင် e-Library ထားရှိမည်

နေပြည်တော် လွှတ်တော်တွင်း လွှတ်တော် စာကြည့်တိုက်တွင် e-Library ထားရှိသွားမည် ဖြစ်ပြီး  အဆိုပါ e-Library ထားရှိရန်အတွက် လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။

Wednesday, June 20, 2012

တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် Call Center မှ နံပါတ်သစ်နှင့် ၀န်ဆောင်မှု ပေးမည်

လက်ရှိ ပြည်တွင်းမှာ သိလိုသမျှကို ဖြေကြား ပေးနေတဲ့ Call Center ဟာ အခုအခါ နံပါတ် အသစ်နဲ့ ၀န်ဆောင်မှု အသစ်တွေကို တစ်မိနစ် ၁၀၀ ကျပ်နဲ့
ပြည့်ပြည့်စုံစုံ ဖြေကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

DDOS အကြောင်းနဲ DDOS ဘယ်လိုတိုက်လည်းဆိုတဲ့နည်းပညာ



ကိုဝမ်းကိုကိုအောင်ဆီက ပြန်ရှယ်ပေးလိုက်တာပါ။ အင်တာနက်သုံးသူတိုင်း သိထားသင့်ပါတယ်လို့ ကျွန်တော် ထင်ပါတယ်။

Tuesday, June 19, 2012

ငွေပြန်လည် ဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

Photo
အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှု လက်ခံသော ဝက်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း  အဆိုပါ ဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူက ပြောသည်။ ၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံတင်ကာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

အိန္ဒိယပြည်နယ်တစ်ခုမှာ လျှပ်စစ်ဓာတ်အားကို စပါးခွံမှ ထုတ်လုပ်ပေး


Photo


ဇွန်လ (၁၈) ရက်။    ။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လျပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်နိုင်တဲ့  နိုင်ငံဖြစ်ပေမယ့် အိန္ဒိယနိုင်ငံထဲက လူဦးရေ သန်း ၄၀၀ ကျော်ဟာ လျပ်စစ်ဓာတ်အား သုံးစွဲခွင့် မရကြပဲ ရှိနေတယ်လို့ ဇွန်လ ၁၇ ရက် တနင်္ဂနွေနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။

Monday, June 18, 2012

စီဒီအမ်အေ ၈၀၀ နှင့် ၄၅၀ ဖုန်းများတွင် My Ring Tune စနစ် သုံးနိုင်မည်

ယခင်က ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟာ့ဇ်နှင့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟာ့ဇ် မိုဘိုင်းဖုန်းများတွင် My Ring Tune စနစ်ကို ယခုလမကုန်မီ ထည့်သွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း  အဆိုပါစနစ်ကို ရောင်းချနေသည့် ဖော်ကျွန်းအင်တာနေရှင်နယ် ကုမ္ပဏီမှ သိရသည်။

ဝန်ဆောင်မှု အများဆုံးပေးတော့မယ့် ရတနာပုံ call center



Photo
ဇွန်လ ၁၈ ရက်။    ။ ဇွန်လ (၁၆) ရက်နေ့မှ စတင်ကာ ရတနာပုံ call center က ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်  ကျန်းမာရေး ဝန်ဆောင်မှု၊ ဟိုတယ် ဝန်ဆောင်မှု၊ အလုပ်ကိုင်ရှာဖွေရေး ဝန်ဆောင်မှုနဲ့အတူ  ဗေဒင် ဝန်ဆောင်မှုများအား တိုးချဲ့ ဝန်းဆောင်မှုများအဖြစ် ပေးနေတယ်လို့ ပြောပါတယ်၊

အစိုးရဝက်ဘ်ဆိုက်အချို့နဲ့ ပြည်တွင်းရှိ ဝက်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေ့ရှ် Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့များမှ ကြေညာ

Photo
ဇွန်လ ၁၈ ရက်။    ။ အစိုးရဝက်ဘ်ဆိုက်အချို့နှင့် ပြည်တွင်းရှိ ဝက်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၎င်းအဖွဲ့နှစ်ခု၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၈ ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နှစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။

ပိုင်ဆိုင်ခွင့်ပြန်ရသူ....


အချိန်စက္ကန့်အနည်းငယ်လောက်ပေးပြီး ဒီပုံပြင်လေးကို ဖတ်ကြည့်ပေးပါဦး ။

တစ်ခါတုန်းက အသက် ၂၄ နှစ်အရွယ်ကောင်လေးတစ်ယောက်က ရထားပြတင်းပေါက်ကနေပြီးလှမ်းအော်တယ် ။

“ အဖေ ကြည့်ပါဦး သစ်ပင်တွေ အနောက်မှာ ကျန်နေခဲ့တယ် ”

Saturday, June 16, 2012

The Voice Weekly Journal Vol.8/No.26

ကျွန်တော် facebook ထဲကနေတွေ့လို ရှယ်ပေးလိုက်တာပါ။The Voice Weekly Journal Vol.8/No.26 PDFဖိုင်လေးပါ။လိုချင်တဲ့သူများ အောက်မှာ ဒေါင်းလိုက်ပါ။

မိမိ၏ Blogတွင် Myanmar exchange Rate widget ထည့်သွင်းနည်း

ကဲ... blogger သူငယ်ချင်းတို့အတွက် Myanmar exchange Rate widget လေးထည့်နည်းလေးကို ရေးပေးလိုက်တယ်နော်..
တစ်ချို့သူငယ်ချင်းတွေက မသိကြသေးလို့လေ.C-box မှာတော့ တစ်ယောက်အော်သွားလို့ပါ. ကျွန်တော်သိတာလေး မျှဝေပေးလိုက်ပါတယ်ဗျာ....
ပုံနဲ့တော့ မရှင်းပြတော့ဘူးနော်. လုပ်တတ်မယ်ထင်လို့ စာဘဲရေးပေးလိုက်ပါတယ်. ကျွန်တော်လည်း အခုတလောအလုပ်နည်းနည်းများနေလို့ပါ.
ဒါကိုတော့ နားလည်ပေးစေချင်ပါတယ်.

Thursday, June 14, 2012

မိုဘိုင်းဖုန်း သုံးစွဲမှုမြင့်လာပါက PCO ဖုန်းဆိုင်များ ပိတ်မည်



Photo
မိုဘိုင်းဖုန်း သုံးစွဲလာမှု မြင့်မားလာပါက လမ်းဘေး PCO ဖုန်းဆိုင်များ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်


နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။  အဆိုပါဂြိုဟ်တုကို ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန်အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့် ဆွေးနွေးခဲ့ရာ ဂြိုဟ်တု အသုံးစရိတ်အတွက် ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲရမည်ဟု ဆက်သွယ်ရေးမှ သိရသည်။

အသုံးဝင် ယတြာမှတ်စုများ(လိုရာသုံးလေ ချစ်မိတ်ဆွေ)


ကျွန်တော်တို့ မြန်မာရိုးရာ ဗေဒင်ပညာရပ်မှာလာတဲ့ ယတြာနည်းတွေကို ဘာအဖွဲ့အနွဲ့မှ မပါဝင်စေဘဲ တိုက်ရိုက် ပြန်လည် ရေးသားတင်ပြပေး လိုက်ပါတယ်။ ဒီနည်းက မည်သူမဆို အသုံးပြုလို့ ရပါတယ်။ လွယ်လည်း လွယ်ကူပါတယ်။ နောက်ပြီးတော့ လူမျိုးမရွေး ဘာသာမရွေး အသုံးပြုလို့ အဆင်ပြေတယ်။ ဒါကြောင့် အရေးကြုံ သက်လုံ ကောင်းစေဆိုသကဲ့သို့ အားလုံးသော မိတ်ဆွေအပေါင်းအသင်းများ လိုအပ်လာပါက လွယ်လင့်တကူ အသုံးပြုလို့ ရပါစေခြင်းအကျိုးငှာ ရှင်းလင်းစွာ တင်ပြပေးလိုက်ပါတယ်။

စားသောက်ဆိုင်တွေအတွက် ရှောင်သင့်သောအရောင်

တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ မိုးအေးအေးဖြင့်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဇိမ်နှင့်ထိုင်ကာ ဖတ်နေမိလေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်၏ လက်ကိုင်ဖုန်းသံ မြည်လာသောကြောင့် ဖုံးကိုကိုင်၍ ကြည့်လိုက်လေရာ ကျွန်ပ်၏ မိတ်ရင်းဆွေရင်းတစ်ဦး ဖြစ်သူ ပွဲစားမင်းသူ ဖြစ်နေလေ၏။

Tuesday, June 12, 2012

မန်ယူသတင်းများ ဖတ်ရှုရန်



Photo
မန်ချက်စတာ ယူနိုက်တက် အသင်းကိုမှ နှစ်သက်စွဲလမ်းစွာ အားပေးကြတဲ့ မြန်မာမန်ယူ ပရိသတ်တွေ နှစ်ခြိုက်စေမယ့် ဆိုက်တစ်ခု ဖြစ်ပါတယ်။

Ubuntu OS ပေါ်တွင် Proxy Server ထိုင်ရန်အတွက် Squid ထည့်သွင်း အသုံးပြုပုံ



Photo
Ubuntu OS ကို အသုံးပြုပြီး Proxy Server ထိုင်ချင်သူတွေက Ubuntu OS ပေါ်မှာ Squid ကို ထည့်သွင်းပြီး Proxy Server ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။  Proxy Server ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက်ဆိုရင် အင်တာနက်ပေါ်ကနေ ဒေါင်းလုပ် လုပ်ယူပြီး ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကလေးသိပံ္ပ



Photo
ကလေးငယ်တွေအတွက် သိပ္ပံပညာကို လေ့လာနိုင်စေမယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  ကလေးငယ်တွေရဲ့ အသက်အရွယ်၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကိုက်ညီမှုရှိပြီး ခေတ်နဲ့အမီ လိုက်နိုင်စေမယ့် သိပ္ပံပညာရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုအားလုံးကို သင်ကြားသိမြင်နိုင်မှာ ဖြစ်ကာ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးရဲ့ အကြောင်းကို ကမ္ဘာဦးကျောက်ခေတ်ကနေ ယနေ့ခေတ်တိုင်အောင် သိရှိရမှာဖြစ်ပါတယ်။

အခမဲ့အွန်လိုင်းဂိမ်းများ



Photo
အင်တာနက် အသုံးပြုရင်း အွန်လိုင်းပေါ်ကနေ အခမဲ့ဂိမ်းတွေ ရယူဆော့ကစားနိုင်စေမယ့် ဂိမ်းဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  အသက်အရွယ်၊ ကျား၊ မ မရွေး ဆော့ကစားနိုင်မယ့် ဂိမ်းတွေကို စုံလင်စွာတွေ့ရမမှ ဖြစ်ပြီး ဂိမ်းအမျိုးအစားတစ်ခုစီကို ကဏ္ဍတစ်ခုစီနဲ့ ခွဲခြားဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Wallpaper များရယူရန်



Photo
ကွန်ပျူတာ desktop အတွက် wallpaper လေးတွေ ရယူနိုင်မယ့် ဆိုက်တစ်ခုဖြစ်ပါတယ်။  အရောင်အသွေးစုံလင်ပြီး ဖန်တီးမှုအားကောင်းတဲ့ wallpaper တွေကို ဒီဆိုက်မှာ တွေ့ရမှာ ဖြစ်ကာ ကဏ္ဍတစ်ခုချင်းစီနဲ့လည်း ပုံတွေကို စုံလင်စွာ ဖော်ပြပေးထားပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account