Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 25, 2012

Samsung Galaxy Tab P3110



Photo
Dual Core Processor ကို အသုံးပြုထားတဲ့ Samsung အမှတ်တံဆိပ် Galaxy Tab P3110 Tablet ဖြစ်ပါတယ်။ Dual Core 1GHz Processor ကို အသုံးပြုထားပြီး  Memory မှာ 512MB ရှိပါတယ်။

Samsung Galaxy Mini II



Photo
Samsung ကနေ ပြည်တွင်းကို အသစ် ထပ်မံ ဝင်ရောက်လာခဲ့တဲ့ ဖုန်းအမျိုးအစားသစ် တစ်ခုပါပဲ။  အရင်တုန်းက Galaxy Mini ထွက်ခဲ့ဖူးပါတယ်။ ခုထပ်မံထွက်လာခဲ့တာကတော့ Galaxy Mini II ပါပဲ။ ပုံစံဒီဇိုင်းပိုင်းမှာ အနည်းငယ် ကွဲပြားမှုတွေ ရှိနေပြီး ကျန်တဲ့ အခြား ဖုန်းတွင်း စနစ်ပိုင်းတွေမှာလည်း စနစ်မြှင့်တင်မှုတွေ ရှိနေခဲ့ပါတယ်။

Dell ST2320L Full HD LED Monitor



Photo
Flat Panel Monitor အမျိုးအစား Dell ST2320L Full HD LED Monitor ပဲဖြစ်ပါတယ်။ Widescreen LED Monitor ဖြစ်ပြီး မြင်ကွင်း အကျယ် ၂၃ လက်မ ရှိပါတယ်။  Resolution ကို 1920x 1080p အထိ ထောက်ပံ့ပေးတဲ့အတွက် Full HD အရည်အသွေးကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

ADATA အမှတ်တံဆိပ် Flash Drive



Photo
ADATA အမှတ်တံဆိပ် C906 မော်ဒယ် Flash Drive ဖြစ်ပါတယ်။ Flash drive မှာပါဝင်တဲ့ အဖုံးဟာ အကြည်ရောင်ဖြစ်တဲ့အတွက် ရုတ်တရက်ကြည့်လိုက်ရင်  အဖုံးပါတယ်လို့တောင် မထင်ရဘူးလို့ ဆိုထားပါတယ်။

Samsung PL-170



Photo
ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ Samsung အမှတ်တံဆိပ် အပျော်တမ်းသုံး ကင်မရာဖြစ်ပါတယ်။  ပုံရိပ် ကြည်လင် ပြတ်သားမှုအတွက် 16.0 Megapixel ပါဝင်ပါတယ်။

Blog ရဲ့ လင့်ဘေးမှာရှိတဲ့ B icon နေရာလေးမှာ အခြား icon အစားထိုးနည်း


 
အပေါ်ပုံမှာပြထားတဲ့အတိုင်းပါဘဲ. ကျွန်တော်တို့ Blogspot မှာရေးရင် B ပုံစံ icon လေးပေါ်ပါတယ်. လင့်ရဲ့ ဘေးမှာပေါ့ဗျာ. အဲဒီဟာလေးရဲ့ နေရာမှာ အခြား icon အစားထိုးတဲ့နည်းကို ကျွန်တော် ပြန်လည် မျှဝေပေးလိုက်တာပါ. Kp3 နည်းပညာဆီကနေ ကျွန်တော်လေ့လာ မိတာပါဗျာ.
 ဘယ်လိုလုပ်ရမလဲဆိုရင် - မိမိရဲ့ bog ကိုအရင်ဝင်လိုက်ပါ. www.blogger.com ကိုပြောတာနော်.
 ပြီးရင် Design ကို နှိပ်လိုက်ပါ...
  Edit HTML ကိုနှိပ်လိုက်ပါ.
ပြီးရင်
 ]]></b:skin>

ဒါကိုရှာ တွေ့ပြီဆိုရင်အဲဒီ ]]></b:skin>အောက် မှာမိမိထည့်ချင်တဲ့ icon link ကိုထည့်ပြီ save နိုပ်ပါ၊


<link href='ဒီနေရာမှာမိမိရဲ့logo linkထည့်ပါ' rel='shortcut icon' type='image/x-icon'/>
ကျွန်တော့်ရဲ့ ရွှေမန်းသားလေး ဆိုက်ရဲ့ icon ထည့်ထားပုံကို ဥပမာပြလိုက်ပါတယ်။
]]></b:skin>
<link href='http://www.iconj.com/ico/2/q/2q1cekxfnt.ico' rel='shortcut icon' type='image/x-icon'/>
တကယ်လို့ မိမိလုပ်ထားတဲ့ icon ကို file hosting site တစ်ခုမှာတင်ထားဖို့တော့ လိုတယ်နော်.. တင်ချင်ရင်တော့ http://www.iconj.com မှာ တင်လို့ရပါတယ်.အကယ်၍ အဆင်သင့်လိုချင်ရင်
ဒီမှာ သွားကြည့်ကြပြီးတစ်ခါတည်း icon link သွားယူကြပေါ့နော်....

အားလုံးကို ခင်မင်လေးစားလျက်..
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Call Center က တယ်လီဖုန်းနှင့် ဝန်ဆောင်မှုအသစ် ထပ်တိုး



Photo
Call Center က ယခင် ဝန်ဆောင်မှု ပေးနေသော ဝန်ဆောင်မှုများနှင့် ဖုန်းနံပါတ် ၁၈၇၆ အပြင် အခြားတယ်လီဖုန်းနှင့် ဝန်ဆောင်မှုအသစ်များ ထပ်တိုးလိုက်ကြောင်း Blue Ocean Operating Management ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

အချစ် ခံစားချက် II



ဖြေဖျော်ပွဲတစ်ခုမှာ ဂျိုကာလေးတစ်ယောက် မတော်တဆနဲ့ စင်ပေါ်က ပြုတ်ကျသွားခဲ့တယ်။ သူ့သွားတချို့ ကျိုးကုန်တယ်၊ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရခဲ့တယ်။ နာကျင်လွန်းလို့ သူ့မျက်နှာရှုံ့မဲ့နေခဲ့တယ်။ ဒါကို သူသရုပ်ဆောင်တာ ပီပြင်တယ်ဆိုပြီး ပရိသတ်တွေ တဝါးဝါးနဲ့ပွဲကျခဲ့တယ်။
ကလေးလေးတစ်ယောက်ပဲ သူ့မေမေလက်မောင်းကိုဆွဲပြီး "မေမေ.. မေမေ.. ဂျိုကာလေး နာလွန်းလို့ မျက်ရည်ကျနေတယ်"လို့ ပြောခဲ့တယ်။
ကလေးလေးပြောတာကို ဘယ်သူမှ မကြားခဲ့ဘူး။ တစ်ယောက်မှ မကြားခဲ့ဘူး။

IT Business Plan Contest 2012 ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များ ထပ်မံထုတ်ပြန်

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် Japan နိုင်ငံ CIESF တို့ ပူးပေါင်း၍ IT Industry ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်းသစ်သော နည်းပညာများ ပေါ်ထွက်လာစေရေးနှင့်  စွန့်ဦးတီထွင်ဖန်တီးလိုသည့် လူငယ်လူရွယ်များ၏ ထူးချွန်ထက်မြက်သည့် အရည်အသွေးများ ပြသနိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် IT Business Plan Contest 2012 ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရန် ရှိခြင်း

မြန်မာနိုင်ငံသည် ကမ္ဘာမြေပြင်လေ့လာရေး ဂြိုဟ်တုတစ်စင်းကို ဂျပန်နိုင်ငံ အကူအညီနှင့် လွှတ်တင်ရန် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါသည်။ ဒီဂြိုဟ်တု လွှတ်တင်ဖြစ်ရင် မုန်တိုင်းကို အသေးစိတ် လေ့လာနိုင်သည့်အကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါသည်။

Friday, June 22, 2012

အသေးစား ဂြိုဟ်တု လွှတ်တင်ရေး ပထမ ဖြစ်နိုင်ခြေ ဂျပန်ဆွေးနွေး



Photo
မြန်မာနိုင်ငံ၌ အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့မှ ပထမဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြောင်း  သိရသည်။

ဈေးဝယ်စင်တာများ၌ ဖုန်းဘီလ် ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်

ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအား ရှော့ပင်းစင်တာများနှင့် City Mark များတွင် ဘီလ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်ဟု ရတနာပုံတယ်လီပို့မှ သိရသည်။ “အလွယ် ဘီလ်ဆောင်လို့ရအောင် စီစဉ်ပေးတဲ့ သဘောပါ။ ဘယ်တော့ စတင်မလဲ ဆိုတာကတော့ ဘဏ်တွေနဲ့ ညှိနေတုန်းပါ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်မိုဘိုင်းဖုန်းအချို့ ဆက်သွယ်ရေးသို့ အကြောင်းကြားထားမှသာ ရန်ကုန်၌ သုံးစွဲနိုင်မည်

ဇွန် ဒုတိယပတ်မှ စတင်၍ ဝယ်ယူခဲ့သည့် နယ်မိုဘိုင်းဖုန်းများသည် မြန်မာ့ ဆက်သွယ်ရေးသို့ အကြောင်းကြားမှသာ ရန်ကုန်တွင် သုံးစွဲခွင့်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။  ယခင်က နယ်ဖုန်းများ ရန်ကုန်တွင် လာရောက် သုံးစွဲရာ၌ ဖုန်းပြောဆိုနိုင်ရန် အတွက် Roaming စနစ် ဖွင့်ပေးထား၍ ဖုန်းပြောဆိုနိုင်ခြင်း ဖြစ်ပြီး ယခုအခါ၌ ယခင် ရောင်းချပေးခဲ့သည့် နယ်ဖုန်းများမှလွဲ၍ ဇွန်ဒုတိယပတ် နောက်ပိုင်း ဝယ်ယူခဲ့သည့် ဖုန်းများအား Roaming စနစ် ဖွင့်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။

ရှိတ်စပီးယားရဲ့ စကားတစ်ခွန်း

 
ယောက်ျားလေးတစ်ယောက်နဲ့ အတူနေရင်
သူ့ကို အရမ်းချစ်စရာမလိုဘူး
သူ့ကို နားလည်မှုပိုပေးပါ။

ကြီးကျယ်မြင့်မြတ်တဲ့အောင်မြင်မှုတိုင်းဟာ ဘယ်တော့မှ လွယ်လွယ်နဲ့မရနိုင်ဘူး

 
“ သေးငယ်တဲ့ သစ်စေ့လေးတစ်စေ့ဟာ သူကြီးထွားလာဖို့အတွက်
- မြေကြီးထဲ မြှုပ်နှံခံရတယ်ဆိုတာ သိတယ် -အမှောင်ထုနဲ့ဖုံးအုပ်ခံရတယ်ဆိုတာသိတယ်
- တောက်ပတဲ့အလင်းရောင်ဆီရောက်ဖို့အတွက် ပြင်းပြင်းထန်ထန် ရုန်းကန် ထိုးဖောက်ထွက်ရမယ်ဆိုတာ သိတယ် ”

Thursday, June 21, 2012

ZTE အမှတ်တံဆိပ် 658A Model အထိုင်ဖုန်းအသစ် ဈေးကွက်အတွင်း ရောက်ရှိ



Photo
ပြည်တွင်း ဈေးကွက်အတွင်း ZTE အမှတ်တံဆိပ် အရည်အသွေးမြင့် 658A Model အထိုင်ဖုန်းအသစ် တစ်မျိုး ဈေးကွက်အတွင်း ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်လာသည့် IBM ကွန်ပျူတာ




Photo
ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်မားဆုံး စူပါကွန်ပျူတာများ အပြိုင်အဆိုင် တည်ဆောက်နေမှုတွင် အမေရိကန်က တစ်ကျော့ပြန် ဦးဆောင်လာပြီ  ဖြစ်သည်။

Tablet New iPad ကို ယှဉ်ပြိုင်မည့် Samsung Galaxy Tab2 ရန်ကုန် ဈေးကွက်သို့ စတင် ဝင်ရောက်လာ

Apple မှ နောက်ဆုံးထုတ် နည်းပညာသစ် New iPad အား ယှဉ်ပြိုင်ရန်အတွက် Samsung မှ ထုတ်လုပ်လိုက်သော Galaxy Tab 2 ရန်ကုန် ဈေးကွက်သို့ စတင် ရောက်ရှိလာပြီ ဖြစ်ကြောင်း  သိရသည်။

ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop မြန်မာပြည် ဈေးကွက်အတွင်း ရောက်ရှိ

Dell အမှတ်တံဆိပ် နည်းပညာ ပစ္စည်းများကို မြန်မာပြည် တရားဝင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဖြန့်ချိ ပေးလျှက်ရှိသော Myanmar Dragon Power Int'l Trade Co.,Ltd မှ  ကမ္ဘာ့အပါးလွှာဆုံး Dell XPS 13 Laptop ကို မြန်မာနိုင်ငံ ဈေးကွက်သို့  စတင် ဖြန့်ချိလျှက် ရှိကြောင်း သိရသည်။

လွှတ်တော်တွင် e-Library ထားရှိမည်

နေပြည်တော် လွှတ်တော်တွင်း လွှတ်တော် စာကြည့်တိုက်တွင် e-Library ထားရှိသွားမည် ဖြစ်ပြီး  အဆိုပါ e-Library ထားရှိရန်အတွက် လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။

Wednesday, June 20, 2012

တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် Call Center မှ နံပါတ်သစ်နှင့် ၀န်ဆောင်မှု ပေးမည်

လက်ရှိ ပြည်တွင်းမှာ သိလိုသမျှကို ဖြေကြား ပေးနေတဲ့ Call Center ဟာ အခုအခါ နံပါတ် အသစ်နဲ့ ၀န်ဆောင်မှု အသစ်တွေကို တစ်မိနစ် ၁၀၀ ကျပ်နဲ့
ပြည့်ပြည့်စုံစုံ ဖြေကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

DDOS အကြောင်းနဲ DDOS ဘယ်လိုတိုက်လည်းဆိုတဲ့နည်းပညာ



ကိုဝမ်းကိုကိုအောင်ဆီက ပြန်ရှယ်ပေးလိုက်တာပါ။ အင်တာနက်သုံးသူတိုင်း သိထားသင့်ပါတယ်လို့ ကျွန်တော် ထင်ပါတယ်။

Tuesday, June 19, 2012

ငွေပြန်လည် ဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

Photo
အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှု လက်ခံသော ဝက်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း  အဆိုပါ ဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူက ပြောသည်။ ၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံတင်ကာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

အိန္ဒိယပြည်နယ်တစ်ခုမှာ လျှပ်စစ်ဓာတ်အားကို စပါးခွံမှ ထုတ်လုပ်ပေး


Photo


ဇွန်လ (၁၈) ရက်။    ။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လျပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်နိုင်တဲ့  နိုင်ငံဖြစ်ပေမယ့် အိန္ဒိယနိုင်ငံထဲက လူဦးရေ သန်း ၄၀၀ ကျော်ဟာ လျပ်စစ်ဓာတ်အား သုံးစွဲခွင့် မရကြပဲ ရှိနေတယ်လို့ ဇွန်လ ၁၇ ရက် တနင်္ဂနွေနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account