Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, June 5, 2012

ပထမအကြိမ် CHINDWIN ICT EXHIBITION-2012 နည်းပညာပြပွဲကြီး မုံရွာတွင် ကျင်းပမည်


N-G Link Computer Center နှင့် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့ကြီးများမှ ကွန်ပျူတာနှင့် အိုင်တီနည်းပညာ ကုမ္ပဏီ လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပထမအကြိမ် chindwin ICT Exhibition 2012 နည်းပညာ ပြပွဲကြီးအား ဇွန် (၉) ရက်မှ (၁၁) ရက် အထိ မုံရွာမြို့၊ မြို့တော်ခန်းမ၌ နံနက် (၉) နာရီမှ ညနေ (၇) နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

CDMA 800 ဖုန်းများ အင်တာနက် သုံးစွဲနိုင်တော့မည်



Photo
ဖုန်းများ စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ယခုလ နောက်ဆုံးပိုင်းတွင် ပြီးစီးမည် ဖြစ်သောကြောင့် အင်တာနက် သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူများ ဒေသတချို့တွင် အဆင်မပြေမှုများရှိ



Photo
တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူများ ဒေသတချို့တွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းများကို ပြီးခဲ့သည့် မတ်လပိုင်းကစတင်ပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးများသို့ ချပေးခဲ့သည်။

Monday, June 4, 2012

iPhone 5 ဖြစ်နိုင်ဖွယ်ရှိသော ဓာတ်ပုံထွက်ပေါ်လာ


Photo
အင်တာနက်တွင် ပေါက်ကြား ထွက်ပေါ်လာသည့် ဓာတ်ပုံက Apple ၏ အသစ်ထုတ်လုပ်မည့် iPhone မော်ဒယ်လ်ဟု ယူဆစရာ ဖြစ်လာကြောင်း  သိရှိရသည်။

အီရန်မှ Cyber Warriors Team ၏ အင်တာနက်ကို ထိုးဖောက်နိုင်ခဲ့



Photo
အီရန်ကျောင်းသား တစ်စုတို့ ပါဝင်သော "ဆိုက်ဘာ စစ်သည်များအဖွဲ့" Cyber Warriors Team ဟု သိရှိကြသည့် အဖွဲက NASA အဖွဲ့၏ ထောင်ပေါင်းများစွာသော သုတေသနသမားတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များအား  အင်တာနက် ထိုးဖောက်ခြင်းဖြင့် ရယူခဲ့ကြသည်။

Friday, June 1, 2012

၂၀၁၂-ခုနှစ် ဇွန်လအတွက် ကံကြမ္မာဟောဟာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ အဆင်မပြေလွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို ၊ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။

ဂူးဂဲလ်၏ Tablet သစ် ဇွန်လအတွင်း ထွက်ပေါ်လာဖွယ်ရှိ


Photo
ဂူးဂဲလ်သည် လာမည့် ဇွန်လအတွင်း Tablet ကွန်ပျူတာ အမျိုးအစားသစ် တစ်မျိုးကို ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း  ထုတ်ဖော် ပြောကြားလိုက်သည်။

ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်စဉ်များကို သုတေသန ပညာရှင်များ ဖော်ထုတ်နိုင်ခဲ့


Photo
ရည်ရွယ်ချက် ကြီးကြီးမားမား ထားရှိကာ ပစ်မှတ်ထား တိုက်ခိုက်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ပုဂ္ဂလိက သတင်း အချက်အလက်များကို ရယူလိုခြင်းကြောင့် ဖြစ်ပြီး  အစ္စရေးနှင့် အီရန်နိုင်ငံတို့မှာ ပို၍ ရင်ဆိုင်ခဲ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားလိုက်သည်။

ဖလိမ်းအမည်ရှိတဲ့ ကွန်ပျူတာဗိုင်းရပ်စ်နဲ့ ပတ်သက်၍ ကုလသမဂ္ဂမှ သတိပေးချက် ထုတ်ပြန်


Photo
မေလ ၃၁ ရက်။    ။ လတ်တလောကာလတွင် အီရန်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသ အချို့မှာကြုံတွေ့နေရတဲ့ ဖလိမ်း (Flame) အမည်ရှိတဲ့ ကွန်ပျူတာဗိုင်းရပ်စ် အန္တရာယ်ကို အထူး သတိပြုကြဖို့  ကုလသမဂ္ဂ အေဂျင်စီတစ်ခုက အမြင့်ဆုံး သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားကြောင်း မေလ ၂၉ ရက်အင်္ဂါနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။

Wednesday, May 30, 2012

''လမ်းခွဲခြင်း''

      

ချစ်သူ.....
ငါ့အတွက်ကတော့ မင်းကို
နောက်ဆုံးအနေနဲ့ ခေါ်လိုက်တာပါ...

မမြင်ရတဲ့ ဝေးကွာလှတဲ့ ဒေသနှစ်ခုမှာ
တစ်နေရာစီနေထိုင်နေရပေမယ့်
ငါနဲ့မင်းရဲ့ နှလုံးသားနှစ်ခုကတော့
နီးစပ်နေလိမ့်မယ်လို့ ငါယုံကြည်ခဲ့တယ်...

ငါတို့နှစ်ယောက်ရဲ့ ခံစားချက်တွေကလည်း
ထပ်တူညီစွာ တည်ရှိနေလိမ့်မယ်လို့လည်း
ငါထင်နေခဲ့တယ်...

ငါလေ..
မင်းကို မြတ်မြတ်နိုးနိုး ချစ်မိခဲ့လို့
အခြားသူတွေကို လိမ်ညာဖုံးကွယ်
ငါ့နှလုံးသားလေးကို
မင်းလေးတစ်ယောက်တည်းအတွက်
ပေးဆပ်ကာ ချစ်ခဲ့တာကို
မင်းလေးနားမလည်ဘဲ ငါ့ကို
ရက်ရက်စက်စက် စွန့်ပစ်ခဲ့ပြီလား???

ဝေခွဲမရနိုင်တဲ့ မင်းရဲ့စကားတွေ
ဖြေရှင်းမပြနိုင်တဲ့ ပုစ္ဆာတွေရဲ့အဖြေက
နောက်ဆုံးတော့
''လမ်းခွဲခြင်း'' ဆိုတာဘဲလားကွာ......

Black Rose (Lover Poem)

မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်

(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

Tuesday, May 29, 2012

2012 December 21 တွင် ကမ္ဘာပျက်မည် ဟူသောသတင်းမှာ ကောလဟာလသာဖြစ်

၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးမသတ်သော မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်တစ်ခုကို ထပ်မံတွေ့ရှိ



  










         ယခင်တွေ့ရှိခဲ့သည့် မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်ကို ယနေ့ခေတ် ကမ္ဘာသုံးပြက္ခဒိန်နှင့် တိုက်ဆိုင်ကြည့်ခဲ့ရာတွင် ၂၀၁၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက်နေ့၌ အဆုံးသတ်နေသောကြောင့် ယင်းနေ့တွင်ကမ္ဘာပျက်မည်ဟူသော ကောလဟာလများ ထွက်ပေါ်ခဲ့ရသည်။

ဉာဏ်ပညာထဲမှာ နှလုံးသားထည့်ပေါင်းဖို့ - မောင်သာချို

Photo

(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။

၁၅ သိန်းတန် စီဒီအမ်အေ 450 MHz ဖုန်းများကို ဇူလိုင် ပထမပတ်အတွင်း ကြိုတင်ငွေဖြည့်ကတ် စနစ် ပြောင်းပေးမည်

Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယခင်ချထားပေးခဲ့သော ကျပ် ၁၅ သိန်းတန် ဘီလ်ဆောင်စနစ်သုံး စီဒီအမ်အေ 450 MHz ဖုန်းများကို ဇူလိုင် ပထမပတ်အတွင်း ကြိုတင်ငွေဖြည့်ကတ် စနစ်သို့ ပြောင်းလဲ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

GSM ဖုန်းများ၏ အင်တာနက်လိုင်းများ နှေးကွေးလျက်ရှိ



Photo
ယခုလ ၇ ရက်မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးမှ ပြန်လည်ချပေးခဲ့သော GSM  ဖုန်းများ၏  Internet Connection မှာ ယခု ရက်ပိုင်းအတွင်း နှေးကွေးမှုများ ရှိနေကြောင်း  ၂၄-၅-၂၀၁၂ ရက်က သိရသည်။

ပုံနှိပ်စာလုံးတွေကို လေဆာသုံးပြီး ဖျက်မည်



Photo
စာရွက်ပေါ်မှာ စွန်းထင်းနေသော မင်များ၊ ပုံနှိပ်စာလုံးများ၊ ဓာတ်ပုံများနှင့် အစွန်းအထင်းများအား လေဆာရောင်ခြည် သုံးပြီး ချက်ချင်းလက်ငင်း ဖယ်ရှားနိုင်သလို၊  သုံးပြီးသား စာရွက်အဟောင်းများကိုလည်း မပျက်စီး၊ မထိခိုက်စေဘဲ ပြန်လည်သန့်စင်၍ အသစ်တစ်ဖန် အသုံးချနိုင်သည့် စာရွက်အသစ်များ အဖြစ် အသွင်ပြောင်းနိုင်မည့် ပစ္စည်းဆန်း တစ်မျိုးကို

စံမြန်မာစနစ်ကို Android ဖုန်းများတွင် အသုံးပြုရန်အတွက် စမ်းသပ်



Photo
စံမြန်မာ မြန်မာစာ စနစ်ကို Android ဖုန်းများတွင် အသုံးပြုနိုင်ရန် အတွက် စမ်းသပ်နေပြီး အဆိုပါ Software ကို အွန်လိုင်း ဒေါင်းလုတ်ဆွဲကာ အခမဲ့ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း  စံမြန်မာ ကွန်ပျူတာ စနစ်မှ ဦးထွန်းမြင့်က ဆိုသည်။

သစ်သားဖြင့် ပြုလုပ်ထားသည့် မီးသီးကို ဂျပန် ဒီဇိုင်နာ တစ်ဦးက တီထွင်



Photo
ဂျပန်နိုင်ငံရှိ ရှေးဟောင်း နည်းပညာတစ်ခု ဖြစ်သည့် ရိုကူရိုဟု လူသိများသော နည်းပညာတစ်ရပ်ကို အခြေခံကာ ဂျပန် ဒီဇိုင်နာတစ်ဦး ဖြစ်သူ ယိုဆုကဲဖူကူဆာဒါသည် သစ်သားဖြင့် ပြုလုပ်ထားသည့်  မီးသီးကို ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

Monday, May 28, 2012

ဒဂုန် ခင်ခင်လေး (၁၉၀၄-၁၉၈၁)


ဒဂုန် ခင်ခင်လေး (၁၉၀၄-၁၉၈၁)

ဒဂုန် ခင်ခင်လေးသည် မန္တလေးမြို့ ဇာတိဖြစ်၍ ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်) စနေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။

ဂျာနယ်ကျော် မမလေး [၁၉၁၇ - ၁၉၈၂]

 


 ဂျာနယ်ကျော် မမလေး [၁၉၁၇ - ၁၉၈၂]

ဧရာဝတီတိုင်း ဖျာပုံ ခရိုင် ဘိုကလေး မြို့နယ် ကမာကလူ ကျေးရွာ၌ အဖ ဒေါ်ဆင်ဘဏ် မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦး အနက် စတုတ္ထမြောက် ဖြစ်သည်။

သန်းခေါင်စာရင်းအသစ် ပြန်ကောက်ရေး HTC ကော်ပိုရေးရှင်း နည်းပညာ ပံ့ပိုးမည်



Photo
ရန်ကုန်၊ မေ-၁၉။    ။ အသစ်ပြန်လည် ဆောင်ရွက်မည့် သန်းခေါင်စာရင်း  ကောက်ယူရေး စီမံချက်တွင် ကမ္ဘာကျော် တယ်လီဖုန်း ကုမ္ပဏီ HTC ကော်ပိုရေးရှင်းမှ နည်းပညာ ပံ့ပိုးရန်အတွက် ကတိပြုထားကြောင်း  HTC ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းသန်း (ခေါ်) Mr.Peter Chou က ယနေ့ ထုတ်ဖော်ပြောကြားသည်။

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မည်



Photo
မြန်မာနိုင်ငံပိုင်  ဂြိုဟ်တုတစ်လုံး လွှတ်တင်မည့် စီမံကိန်းကို အစ္စရေး နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ အချို့ထံမှ စုံစမ်းသိရှိရသည်။  ထိုစီမံကိန်းအတွက် အစ္စရေး နိုင်ငံက နည်းပညာပိုင်းအရ ပါဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။ အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်သည့် အစ္စရေးနိုင်ငံနှင့် ပြည်တွင်း ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍကို ပူးပေါင်းဆောင်ရွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Sunday, May 27, 2012

သင့်ရဲ့ Web Browser Firefox ကို ဘယ်လိုမြန်အောင် ပြုပြင်မလဲ



Photo
Web Browser တွေဟာ Internet ထဲကို ဝင်ရောက်ဖို့အတွက် တံခါးပေါက်များ ဖြစ်ပါတယ်။  ဒီလို တံခါးပေါက်တွေနဲ့ ဆင်တူတဲ့ Web Browser  တွေဟာ အချိန်တိုအတွင်းမှာ လိုရင်းနေရာတွေကို ရောက်ရှိနိုင်ဖို့အတွက် မြန်ဆန်မှုတွေ လိုအပ်ပါတယ်။ ဒီတစ်ပတ်ရဲ့ Ten Things ကိုတော့ လူသုံးများတဲ့ Firefox Web Browser ကို ဘယ်လို မြန်ဆန်အောင် အသုံးပြုနိုင်မယ်ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
 

Password များကို ရွေးချယ်ခြင်းနှင့် ကာကွယ်ခြင်း



Photo
Password တွေဟာ စစ်မှန်ကြောင်း အထောက်အထား ပြသခြင်းအတွက် ဘုံနည်းလမ်း တစ်ခုဖြစ်သလို အသုံးပြုသူနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကြားမှာရှိတဲ့  အဟန့်အတား တစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်သူ (attacker) များဟာ ပရိုဂရမ်တချို့ကို အသုံးပြုပြီး password များကို ခန့်မှန်းခြင်း သို့မဟုတ် စကားဝှက် ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်တာကြောင့် စိတ်ချရတဲ့ password များကို ရွေးချယ်အသုံးပြုခြင်းနဲ့ ၎င်းလျှို့ဝှက် အချက်အလက်တို့ကို လုံခြုံစွာ ကာကွယ်ထိန်းသိမ်းထားခြင်းဖြင့် စာဖတ်သူရဲ့ အချက်အလက်များကို အခွင့်မရှိတဲ့ လူတစ်ဦးတစ်ယောက်မှ အသုံးပြုခြင်းအား ပိုမိုခက်ခဲအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Laptop Computer ကိုပျော်ပျော်ပါးပါး သုံးစွဲနိုင်ဖို့



Photo
Laptop ကို ပျော်ပျော်ပါးပါး သုံးဖို့ဆိုတဲ့ နေရာမှာ Windows OS သုံးတဲ့ Laptop တွေနဲ့ပဲ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောသွားမှာ ဖြစ်ပါတယ်။ အားလုံး အကြောင်းအရာ ၁၀ ချက် ရှိပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account